Voicemail || 2

291 43 1
                                    

Voicemail အရ ကျွန်တော်က Party
တစ်ခုကို အဖိတ်ခံထားတာရတာ …
တိုက်တိုက်ဆိုင်ဆိုင် Dec 25 ဆိုတော့
Christmas နေ့ …

ထုံးစံအတိုင်း ပွဲကောင်းပွဲမြတ်ရက်ဆိုတော့
မနက်ဘက် ချာခ့်ျသွားတက်တာထက် ည
X'mas party တွေမှာ ကဲကြ သောက်ကြ
တာကို ပိုခုံမင်တက်တာတော့ လူငယ်ထုံးစံ
ပါပဲ …

Voicemail တစ်ခုတည်းနဲ့ ကျွန်တော့
အကြောင်းအပြည့်အစုံ မသိနိုင်တာကြောင့်
Voicemail နောက်တစ်ခုကို စိတ်ခိုင်ခိုင်
ထားပြီးဖွင့်ကြည့်လိုက်တယ်

Voicemail / Dec 25 9:30 PM , 2013 /

" Sehun … မရောက်သေးဘူးလား ? Party
တောင်ပြီးတော့မယ် . အကုန်လုံးလဲ မင်းကို
မေးနေကြပြီ … မြန်မြန်လာပါတော့နော် "

ကျွန်တော်ခဏရပ်တန့်ထားလိုက်တယ်  …

Luhan ရဲ့ အသံ …

တောင်းဆိုမှုတွေ ခယမှုတွေ့နဲ့ သူ့အသံ …

ကျွန်တော် ငြိမ်သက်နေမိတယ် … ကျွန်တော်
သူ့ရဲ့ တောင်းဆိုမှုကို မရ ရ အောင် လုပ်ပေး
ဖြည့်စည်းပေးချင်စိတ်တွေ ပေါ်ပေါက်နေမိတယ်

တကယ်လို့ ကျွန်တော်သာ တကယ် အဲ့နေ့မှာ
အဲ့ Voicemail ကို ရခဲ့ရင် သူ့ဆီ အပြေးလေး
ရောက်အောင်သွားလိုက်မိမှာပဲ …

နေပါဦးး … ကျွန်တော်က သူ့အတွက် ဒီလိုတွေ တွေးပေးနေရလောက်အောင် သူက ကျွန်တော့
အတွက် အရေးပါသူလား ?

ခေါင်းရှုပ်စရာ ကောင်းတဲ့ ပဟေဋ္ဌိ မေးခွန်းကို
ကျွန်တော် ခဏ ပစ်ပယ်ပြီး ပြန်ဖွင့်လိုက်တယ်

ပြတ်တောင်းပြတ်တောင်း သံနဲ့အတူ
နောက်ထပ် ထွက်ပေါ်လာတဲ့ အသံတစ်ခု …

" ဟေ့ရောင် ! Sehun မင်းရောက်သင့်နေပြီ !
ခု လူတောင် ခပ်ကျဲကျဲပဲ ရှိတော့တယ် …
မြန်မြန်လာပါတော့ကွာ … Luhan သောက်
တာလည်း တော်တော်များနေပြီ မင်းဟာလေး
ကိုလာထိန်းဦး … ခုလည်း မင်းမလာသေးလို့
မျက်နှာက ဇီးရွက်လောက်ပဲကျန်တော့တယ်  …
မျက်ရည်တွေလဲဝဲလို့ . လာပါတော့ကွာ …
ငါက ငါ့ဟာလေးကလွဲရင် ချော့တတ်တာ
မဟုတ်ဘူး … "

" Jongin-ah " …

အသံတစ်ခုက ကျွန်တော့ကို ပြောဆိုနေတဲ့ Jongin ဆိုသူ ကို လှမ်းခေါ်လိုက်ပုံရတယ် …
သေချာတာတော့ ယောကျာ်းလေးသံပါ …

ဒါမဲ့ ပုံမှန်လေသံနဲ့ခေါ်သည်တော့မဟုတ် …
သူတို့ နှစ်ဦးကြားမှာ ရိုးရှင်းတဲ့ သံယောဇဉ်တဲ့
ပိုတဲ့ ပက်သက်မှု ရှိမယ်လို့ ကျွန်တော့ စိတ်က
ထင်နေမိတယ် …

" အဲ … Sehun ငါသွားလိုက်ဦးမယ် …
Kyungsoo ခေါ်နေပြီ သူလည်း တော်တော်လည်း
သောက်ထားတယ် ငါထိန်းပေးလိုက်ဦးမယ်
မင်း အရှေ့ရောက်ရင် ဖုန်းသာဆက်လိုက်
ငါထွက်ကြိုမယ် … Bye ဟေ့ရောင် မြန်မြန်လာ
နော် … "

Voicemail ပြီးဆုံးသွားပြီ …

ကျွန်တော်ထင်တာ မှန်လိမ့်မယ်ထင်တယ် .
Voicemail အရ Luhan အပြင် ကျွန်တော်နောက်ထပ် မှတ်မိရမယ့် …
လူနှစ်ယောက်ရှိနေတာကို သိလိုက်တယ် …

Jongin နဲ့ Kyungsoo … ?

ကျွန်တော် ဘယ်လိုမှ အစဖော်လို့မရ …

သေချာတာ တစ်ခုက ကျွန်တော်နဲ့ Jongin
က တော်တော် ခင်ခဲ့ပုံရတယ် … သူ့ လေသံ
သူ့စကားပြောဆိုပုံကို ကြည့်ရတာ သူနဲ့
ကျွန်တော် တော်တော်လေး ရင်းနှီးခဲ့ပုံရတယ်

အင်း … သူက ကျွန်တော်နဲ့ အခင်ဆုံး
သူငယ်ချင်းတွေတောင်  ဖြစ်ရင်ဖြစ်ခဲ့မှာ …

×   ×   ×    ×    ×

7/1/17
Sat
10:30 PM

101 Voicemails || Hunhan ||Where stories live. Discover now