Voicemail || 3

290 52 2
                                    

ဒီနေ့မနက် ရာသီဥတုက အုံ့မှိုင်းနေတယ်...

လူသူကင်းမဲ့ နေရာဆိုပင်မယ့် ဒီနေ့ ခါတိုင်း
ထက် ခြောက်ကပ်တိတ်ဆိတ်နေတယ် ...

ပင်လယ်က လှိုင်းလုံးတွေကလဲ တဝုန်းဝုန်း နဲ့
လူသာရှိရင် ဝါးမျိုမတတ် ...

လေပြည်လေညင်းလို့မပြောနဲ့ ... ခုက ပုံမှန်ထက် ပြင်းထန်တဲ့ လေက ကျွန်တော့
မျက်နှာ ကို ရိုက်ခတ်နေတယ် ...

လေနဲ့အတူ ဝေလွင့်လာတဲ့ ဆားမှုန်တွေက
မျက်နှာမှာ လာကပ်တော့ ကျွန်တော် အိမ်ထဲ
ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး ကြည်လင်ပြောင်လတ် တဲ့မှန်တံခါးကို ပြန်ပိတ်
လိုက်တယ် ...

တံခါးက Frozen ကာတွန်းထဲက တံခါးနဲ့
မထူးမခြားပါဘဲ ... Frozen အကြောင်းပြော
လို့ ကျွန်တော် အတိတ်ကို ပြန်သတိရပြီလို့
မထင်ပါနဲ့ ...

ဆေးရုံမှာတုန်းက ခဏခဏ ကြည့်ခဲ့ရလို့ပါ ...

အတိတ်မေ့နေသူတစ်ယောက် အတွက်
ကာတွန်းကား ကတော့ စိတ်အပန်းဖြေစရာ
တစ်ခုလိုပါပဲ ...

မနေ့က ကျွန်တော် ဒုတိမြောက် Voicemail ကို ဖွင့်ကြည့်ခဲ့ပြီး နောက် ...
နောက်ထပ်ဘာကိုမှ ထပ်မကြည့်တော့ ...

စဉ်းစားရင်း အသက်ရှူကျပ်လာတာရယ် ...
တနေကုန်ထိုင်တွေးရင် ကျွန်တော် ဆေးရုံ
ထပ်ရောက်သွားနိုင်တာကြောင့် ... ဒီတိုင်း
ဘဲ ညဘက်ထိ တစ်ယောက်ထဲ ... ဖြတ်သန်း
ခဲ့တယ်

အခု ကျွန်တော် တတိယမြောက် Voicemail
ကိုနားထောင်ကြည့်ရတော့မှပေါ့ ...

Voicemail / Dec 27 7:00 Am / 2013

" H-hun-ah ... "

အက်ကွဲနေတဲ့ သူ့အသံ ... ကျွန်တော့ နာမည်
ကိုခေါ်ပြီး သူ နှာခေါင်းရှုံ့လိုက်တယ် ...

ကျွန်တော့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ နေရာယူလာတယ် ...

" Mi-mianhae ... မသိခဲ့ဘူး ... ဒီမနက်မှ
Hun အမေဆီက ကြားခဲ့ရတာ ... Jinjja
Mia-mianhae ... "

စကားအဆုံး ရှုံးပွဲချ သူငိုချလိုက်တယ် ...

ကျွန်တော့ ရင်ထဲမှာ တဆစ်ဆစ်နာကျင်
လာတယ် ... သူ့အနားသွားပြီး ထွေးပွေးထား
ပေးပြီး "အားလုံး အဆင်ပြေသွားမှာပါ" လို့
ပြောရင်း ကျောပြင်ကို
ပွတ်သပ်ပေးနေချင်မိတယ် ...

" ဒီ voicemail ကို အခု မကြားနိုင်တာ ...
reply မပြန်နိုင်တာ ... Lu သိပါတယ်
ဒါပင်မယ့် သတိရနိုင်တဲ့ အချိန်
ကျရင် န-နားထောင်နိုင် ဖို့ပါ ...ေ-တောင်းပန်
ပါတယ် ... Lu သာအတင်းမလာခိုင်းခဲ့ရင် ...
Hun ဒီလိုဖြစ်ရမှာ မဟုတ်ဘူး ... "

တိတ်ဆိတ်မှုက နေရာယူသွားတယ် ... သူ
ဘာဆက်ပြောမလဲ စောင့်နေမိတယ်

" ဆက်ဆက် သတိရလာရမယ်နော် ...
သွားတော့မယ် ... သူတို့ခေါ်နေပြီ "

Voicemail ပြီးသွားတဲ့ အထိ ကျွန်တော်
သူ့အသံထဲ စီးမျောနေတယ် ...

သူ့အသံထဲမှာ နောင်တရနေတာတွေ ...
ယူကျုံးမရဖြစ်နေတာတွေ ကို ကျွန်တော်
ခံစားမိနေတယ် ...

ဒါကသူ့အပြစ်မဟုတ်ပါဘူး ... ဘာလို့
သူ့ကိုယ်သူ အပြစ်တင်ရတာလဲ ... ကျွန်တော်
သူ့ Voicemail တွေကို အဲ့အချိန်က ဖွင့်တောင်
ဖွင့်ခဲ့တာမှမဟုတ်ဘဲ ... အာာ ...

သူ့ကိုယ်သူအပြစ်တင်နေတာကို ကျွန်တော်
ဘာကြောင့်မှန်း မသိ ဒေါသဖြစ်မိတယ် ...

သူ့အပြစ်တွေမှ မဟုတ်တာပဲ ...

သူများတွေပြောပုံ အရ ...

ကျွန်တော် မဆင်မခြင် စည်းကမ်း မရှိမောင်းခဲ့
လို့ ဒီလိုဖြစ်ခဲ့ရတာလေ ...

ကျွန်တော့ အတွက်သူက သာမန် ဆက်ဆံရေး
ထက်ပိုနေသူလား ... ??

သူ့ကိုရော အပြင်မှာထပ်တွေ့ခွင့်ရှိမှာလား ?

ရှိလာမှာပါ ... သူသာ ကျွန်တော့ အတွက် အရမ်း
အရေးပါခဲ့သူဆိုရင်တော့ တွေ့ခွင့်ရှိမှာပေါ့ ...

× × × × ×



101 Voicemails || Hunhan ||Where stories live. Discover now