Zawgyi။recallမခေါ်တော့ဘူး။အမှားပါရင်သည်းခံပေးပါ။
*******ဟန်ဆောင်လက်ထပ်ခြင်း******
'ဟား•••••ဟား•••••ဟား•••••ဟား'
luhabကသူမောင်chanyeolအကြောင်းပြောပြလေတော့သူငယ်ချင်းoh sehunကတဟားဟားနှင့်ရယ်လေသည်။အရယ်ရပ်ပြီဆိုမှ••••••
'မင်းညီ စီထားတဲ့အချက်အလက်တွေနဲ့ညီတဲ့သူရှိတယ်။မင်းဘာမှမပူနဲ့luhan.မင်းအိမ်ထောင်ကျစေရမယ်။•••••ဟား'
'hunနော်•••••မင်းကပါလိုက်မရူးမနေနဲ့ '
'ရူးတာမဟုတ်ဘူး။အချက်အလက်တွေနဲ့ပြည်စုံတဲ့သူရှိတဲ့အကြောင်းပြောတာ'
'ဘယ်သူလဲ'
'ငါလေ'
luhanမျက်စောင်းထိုးပစ်လိုက်သည်။oh sehunနဲ့luhanကပြောမနာဆိုမနာသူငယ်ချင်းတွေမို့ဒီလိုဘဲစနေကျကို။သူများသူစိမ်းကြားလျှင်တော့ တစ်မျိုးတစ်မည်ထင်နိုင်ဖွယ်ရာတွေရှိသည်။တကယ်အူပါလို့ပြောတာမဟုတ်ဘဲဖြူစင်သန့်ရှင်းကြတာကိုတော့သူတို့သာအသိဆုံးပါ။သူတို့က သူတို့ဝါသနာပါတဲ့အလုပ်ကိုလုပ်ခွင့်ရပြီလုနာတွေကြားမှာဘဲ မငြီးမငွေ့ပျော်နေကြသူတွေ။
luhanကပိုဆိုးသေး၏။ညီအကိုနှစ်ယောက်စလုံးပဲ အချစ်နဲ့အိမ်ထောင်ရေးကသူတို့နှင့်မဆိုင်သလို။မိဘတွေဆုံးသွားကြသော်လည်း ဘယ်ဆွေမျိုးကိုမှအားမကိုး။ဘယ်သူစိမ်းကိုမှလည်း အဝင်မခံနှင့် ညီအကိုတွေကျွန်းမှီ ကိုင်းကျွန်းမှီသဘောနဲ့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်အားကိုးခြင်းနှင့်တိုင်ပင်သင့်မြတ်အောင် နေလာခဲ့ကြတာ ယခုထက်ထိတိုင်။ညီလေးကိုလည်း မျက်နှာသာမပေးမယ့် ချစ်လိုက်ကြတာ တုန်လို့ပါပဲ။
Krisကိုအိမ်ထောင်ပြုဖို့ပြောကြည့်•••••
ပြောလာတဲ့သူ သူ့ရန်သူတဲ့။luhanကလည်း ထို့နည်းတူပါပဲ။အိမ်ထောင်မှုကိစ္စတွေကို မလုပ်နိုက်ဘူး။အိမ်ထောင်ရေးဆိုတာ ပင်လယ်ကိုအလျားလိုက်ကူးသလိုဘဲ။ရှေ့ကိုမျှော်တွေးကြည့်ရင် စိတ်ပျက်စရာကြီး။အချစ်ဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာလို့မသတ်မှတ်ဘူး။စိတ်ကူးယဉ်တဲ့အထဲမှာ သောကတွေဒုက္ခတွေ စိတ်ညစ်စရာတွေ အဆင်မပြေတာတွေ ချန်လှပ်ထားခဲ့လို့ ရင်ခုန်တိမ်းမူးဖွယ်ရာကောင်ပေမယ့် လက်တွေ့မှာမလွယ်ကူဘူးဆိုပြီ လာသမျှခေါင်းခါ လက်ကာပြခဲ့သူ။
YOU ARE READING
ဟန်ဆောင်လက်ထပ်ခြင်း
Randomchansoo funny yaoi ficတစ်ပုဒ်ပါအားပေးကြပါအုံးနော်။ တက်နိုင်သလောက်ရယ်ရအောင်လုပ်ပေးပါ့မယ်။ဒီficရေးဖို့၂လတောင်အချိန်ယူထားပါတယ်။ကိုးကားထားတာလဲရှိပါတယ်။ပင်ပန်းရကြိုးနပ်အောင်ဖတ်ပေးကြပါနော်။ဖတ်စေချင်တာကျွန်တော်ဆန္ဒပါ။ ကျွန်တော်ကပေါက်ကရတော့အမြဲရေးပါတယ်။