Zawgyi
*******ဟန်ဆောင်လက်ထပ်ခြင်:*********
'ဟိတ်!!´
လစာထုတ်တဲ့နေ့မို့ yeol သူ့လစာပိုက်ဆံကို လက်ဝါးပေါ် တဖျတ်ဖျတ်ရိုက်ရင်း D.O.အနားသို့ ရောက်လာသည်။
'ဘာလဲ´
'ဒီနေ့ လစာထုတ်တယ်လေ´
'အဲ့ဒါ ဘာဖြစ်လဲ´
'ငါ့လုပ်အားခနဲ့ ပထမဆုံး မင်း ကိုတစ်ခုခုလိုက်ကျွေးရင် ကောင်းမလားလို့´
'အရူး´
'ဘာ!´
D.O.က နှုတ်ခမ်း လေးမဲ့ကာ.....
'မင်းရဲ့လုပ်အားခကို ပထမဆုံး အပ်သင့်တာ မိဘလေ´
'ငါမှာ မိဘတွေမှမရှိကြတော့တာ´
'ဟင်....အကိုကြီးအဖအရာ ဆိုတဲ့စကားကို မင်းမကြားဖူးဘူးလား´
'ကြားဖူးသားပဲ´
'ကြားဖူးရဲ့နဲ့များ´
'သူတို့က ဒီလောက်ပိုက်ဆံကို ဦးနှောက်ထဲထည့်ဖို့မပြောနဲ့၊ဆံပင်တစ်ချောင်းကျွတ်တာလောက်တောင် စိတ်ဝင်စားမှာမဟုတ်ဘူး။´
အဲ့ဒါ....တကယ်ပါ။တစ်ယောက်က ကုမ္ပဏီ ပိုင်ရှင်.တစိယောက်က ဆရာဝန် လေ၊yeolကလည်း ကိုယ့်လုပ်စာလေးမို့သာ ခုံခုံမင်မင်ရှိနေတာ၊သူတို့Hotelမှာ တစ်ခါစားရင် One table စာပဲရှိတဲ့ကိစ္စကို ထည့်ပြောနေစရာလား။
'D.O. ya´
D.O.မော့ ကြည့်သည်။
'ငါကျွေးချင်စိတ်ကလေးရှိတုန်းကျွေးတာ လိုက်မစားဘူးလား´
'မစားဘူး´
'ဒါဆို မင်းငါကိုလိုက်ကျွေး´
'ဘာဆိုင်လို့လဲ ´
'ဆိုင်ဆိုင်မဆိုင်ဆိုင်ဟာ၊ငါ့ကျွေးတာလိုက်စား၊ဒါမှမဟုတ်ရင် ငါကိုမင်းကျွေး´
'ဘာတွေလိုက်စားပြီ ဘာတွေကျွေးနေကြတာလဲ´
'သြော်.....MinHo hyung´
Min Ho ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်လျက် D.O.ဘေးမှာ စမတ်ကျကျရပ်လိုက်၏။D.O.မျက်နှာ ချင်းဆိုင်မှာ ရပ်နေတဲ့ Chanyeol ဘေးစောင်းပြောင်း ရပ်လိုက်ပြီး နှုတ်ခမ်း က မသိမသာ မဲ့သွားသည်။D.O.မျက်နှာလေး ပြုံးနေတာ မြင်ရတော့ စိတ်ကတိုချင်ချင်။ဒီလူကျတော့ ရင်းနှီး နွေးထွေးပြီး ကိုယ်နဲ့ကျတော့ မတူသလိုမတန်သလိုမျက်နှာထားကို ပါမစ်ယူထားတဲ့ D.O.။
YOU ARE READING
ဟန်ဆောင်လက်ထပ်ခြင်း
Randomchansoo funny yaoi ficတစ်ပုဒ်ပါအားပေးကြပါအုံးနော်။ တက်နိုင်သလောက်ရယ်ရအောင်လုပ်ပေးပါ့မယ်။ဒီficရေးဖို့၂လတောင်အချိန်ယူထားပါတယ်။ကိုးကားထားတာလဲရှိပါတယ်။ပင်ပန်းရကြိုးနပ်အောင်ဖတ်ပေးကြပါနော်။ဖတ်စေချင်တာကျွန်တော်ဆန္ဒပါ။ ကျွန်တော်ကပေါက်ကရတော့အမြဲရေးပါတယ်။