*တီးတောင်!တီးတောင်!* unicode
လူခေါ်ဘဲလ်နှိပ်သံကြောင့် Kris သတင်းစာကို ပိတ်လိုက်သည်။အိမ်မှာ ခြံစောင်လေးလေးက luhanကို အလုပ်လိုက်ပို့သဖြင့် အိမ်မှာ မရှိ။
ချစ်ဆံုးကိုပဲ ခေါ်မှပါ။ ချစ်ဆုံးဆိုတာ ဒီအိမ်က အိမ်ကူကောင်မလေးရဲ့နာမည်။*ချစ်ဆုံးရေ......ချစ်ဆုံး*
*ရှင်.....လာပြီး ကိုကိုကြီး*
ချစ်ဆုံးက ၀ပေမယ့် ခေါ်ပြီဆို မကြာစေရဘဲ ရောက်လာတတ်သူ။ဒါကြောင့်လည်း အိမ်မှာ ဗာဟီရ မှန်သမျှ ချစ်ဆုံးပဲ လုပ်ကိုင်ပေးနေတာ စိတ်ချမ်းသာရပါသည်။ငယ်မွေးခြံပေါက်လို ဖြစ်နေပြီး အကျင့်ကလည်း ကောင်း၊စိတ်ချယံုကြည်ရသူလေးပါ။
*ချစ်ဆုံး ဘာလုပ်ပေးရမလဲ ကိုကိုကြီး*
*အိမ်ရှေ့မှာ ဘယ်သူရောက်နေတယ်မသိဘူး။ခြံတံခါး သွားဖွင့်ပေးလိုက်ပါဦး။*
*ဟုတ်ကဲ့*
ချစ်ဆုံး ထွက်သွားတော့ kris ဖတ်မပြီးသေးတဲ့ သတင်းစာထဲက ဆောင်းပါးတစ်ပုဒ်ကို ဆက်ဖတ်လိုက်၏။သူက သတင်းစာထဲ စာတွေအကုန်လုံးကို မဖတ်နိုင်ရင်တောင် ဆောင်းပါးကိုတော့ မပျက် မကွကွက်ဖတ်ဖြစ်အောက် ဖတ်တတ်သူပါ။
*D.O. Y.O.U L.O.V.E M.E ...Do You Love me....D.O love me*
Chanyeolတစ်ယောက် 2NE1သီချင်းကို အကျယ်ကြီး အော်ဆိုနေသည်။
*Chanyeol မင်းမဟုတ်တာတွေ လျှောက်မအော်နဲ့နော်*
*ဟာ.....သီချင်းရှိလို့ ဆိုတာလေ ဘာဖြစ်လဲ*
*ဘာသီချင်းလဲ? မင်း ငါနာမည်မပါတဲ့ သီချင်း ဆိုပါလား*
*ကောင်းပြီး၊ဒါဆို ဟိုသီချင်း ဆိုမယ်*
Chanyeolနှင့် D.O. လှေကားပေါ်ကနေဆင်းလာပြီး တကျက်ကျက် ဖြစ်နေကြပြန်ပြီ။chanyeolက ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်ပြီး ဟန်ပါပါနှင့် ခေါင်းကိုမော့ကာ.....
*I love you....I love you.....u...u...u...*
*
ဟာ !ကြည့်စမ်း chanyeolစုတ်*
D.O.ဘေးနားမှာ ရှိသည့် ရေဗူးနှင့်ပေါက်ထည့်လိုက်ရာ chanyeolက လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။
YOU ARE READING
ဟန်ဆောင်လက်ထပ်ခြင်း
Randomchansoo funny yaoi ficတစ်ပုဒ်ပါအားပေးကြပါအုံးနော်။ တက်နိုင်သလောက်ရယ်ရအောင်လုပ်ပေးပါ့မယ်။ဒီficရေးဖို့၂လတောင်အချိန်ယူထားပါတယ်။ကိုးကားထားတာလဲရှိပါတယ်။ပင်ပန်းရကြိုးနပ်အောင်ဖတ်ပေးကြပါနော်။ဖတ်စေချင်တာကျွန်တော်ဆန္ဒပါ။ ကျွန်တော်ကပေါက်ကရတော့အမြဲရေးပါတယ်။