အခန်း၇

3.1K 301 30
                                    

Zawgyi

**********ဟန်​​ဆောင်​လက်​ထပ်​ခြင်း********

Yeolအလုပ်​စဆင်း​သော​နေ့

အလုပ်​ခန်းထဲကို yeol​ရောက်​လာ​တော့krisကစကားစတယ်​။

'မင်းကို ဒီမှာအလုပ်​ဆင်းခိုင်းတာ လူလိုလို့မဟုတ်​ဘူး​နော်​.....yeol.အမြင့်​ဆုံး​ရောက်​ချင်​ အနိမ့်​​​ဆုံးက အရင်​စရတယ်​၊နားလည်​လား´

'ဒါဆို ကျွန်​​တော်​က သန့်​ရှင်း​ရေးအလုပ်​က​နေ စလုပ်​ရမှာလား´

'လုပ်​သင့်​ရင်​ လုပ်​ရမှာပဲ yeol´

'ဟာ!hyung.ကျွန်​​တော်​ကို အဲ့​လောက်​​တော့ မနှိပ်​ကွပ်​နဲ့​လေဗျာ´

'အမှန်းခံပြီ ရိုက်​သင်​တာ.အသင်​ခံရတဲ့လူကို မုန်းလို့ မဟုတ်​ဘူးဆိုတာ ဘွဲ့ရပညာတတ်​တစ်​​ယောက်​အ​နေနဲ့မင်းနားလည်​မှာပါ´

ပျော်​တတ်​လို့ စတာ​နောက်​တာက သပ်​သပ်​၊မာနကတစ်​ခြားအရပ်​ဆီက​နေ ခိုးဝင်​လာတာမဟုတ်​​ပေမယ့်​ တိုးတိုးတိတ်​တိတ်​ကျိတ်​ကြံ​နေတာက လုပ်​ပြီဆိုဖြစ်​မှ၊လိုချင်​ပြီဆို ရမှ​လေ၊​လေထွားပြီးမှ ဖြစ်​မလာရင်​ အလကားစကား​တွေ အဖက်​တင်​လို့၊သူများအံသြ​လောက်​​အောင်​ လုပ်​နိုင်​မှ လူ​တော်​၊အဲ့ဒီလိုလူ​တော်​ဖြစ်​ဖို့ ​အောက်​​ခြေက စရမယ်​ဆိုတာ သိသားပဲ။

'အခု ကျွန်​​တော်​ ဘယ်​ရာထူးက​နေစဝင်​ပြီး လုပ်​ရမှာလဲ။´

'အလုပ်​သင်​´

'ဗျာ´

'မသိတာမတက်​တာ​တွေရှိရင်​ သင်​​ပေးရမှာပဲ မဟုတ်​ဘူးလား´

'ဟုတ်​ပါတယ်​ဗျာ......ဟုတ်​ပါတယ်​´

Yeolခပ်​မဲ့မဲ့​​ပြော​တော့kris,ပြုံးချင်​သွားသည်​။ဖြတ်​ထိုးညယဥာဏ်​​ကောင်းပြီ သူမသိတာ မတက်​တာမရှိသ​လောက်​ဖြဟ်​​နေတဲ့yeolကို သူလုပ်​ငန်းနဲ့သူ ထူ​ထောင်​​ပေးလို့ရမှန်း သိသားပဲ။ဒါ​ပေမဲ့အပိုးကျိုး​အောင်​ အရင်​ပညာပြချင်​လို့​လေ။သူက​ရော သူမှာအရည်​အချင်းရှိပါလျက်​နဲ့ ဘာလို့​တောင်းဆိုမှု​တွေ မပြုခဲ့တာလဲ။ဒါလျှိုဝှက်​ချက်​​တော့ရှိမှာပါ။

ဟန်ဆောင်လက်ထပ်ခြင်းWhere stories live. Discover now