ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(part-1)

1.2K 97 1
                                    

ကျွန်တော့်ချစ်သူ ကောင်လေး

မနက်ဖြန် ပထမနှစ်စတက်ရမယ်ဆိုလို့် စိတ်ထဲနဲနဲတော့ တမျိုးကြီးဖြစ်နေတာကြောက်တာလားဘာလားတော့မသိဘူိး မနက်ဖြန်ကျောင်းဘယ်လိုသွားကြမယ်ဆိုပြီး အစီအစဉ်ချဖို့ ဘတ်ဟွန်းတို့အိမ်ကို ချန်း ကိုခေါ်ပြီး သူသွားမိပါတယ် အဲ့၂ကောင်တွေ့ရော သူ့တောင်မဂရုမစိုက်ကြတော့ ကျောင်းသွားရမဲ့ကိစ္စဆို စကားတောင်မဟကြ ဂိမ်းဆော့ပြီး တယောက်တလဲ သတ်ပုတ်နေကြတာ
..ya! ချန်း မင်းရှုံးတာလေ လာခဲ့ နဖူးတောက်မှာ
..အားးး ဟေ့ကောင် ဖြည်းဖြည်းတောက်နော် ငါအော်မှာ
..သေနာရယ် တောက်တောင်မတောက်ရသေးဘူး အသံပြဲနဲ့ စွတ်အော်နေတာပဲ လာခဲ့ ငဘတ်လက်စာမိစေရမယ်
ဘတ်ဟွန်းက လက်ဝါး၂ဖက်ကို အားရပါးရပွတ်ပြီး နဖူးတောက်ဖို့ ဟန်တပြင်ပြင် ချန်းကလဲ မျက်နှာကြီးရှုံ့မဲ့ လို့ ဒီ၂ကောင်နဲ့သူ ဘယ်လိုသူငယ်ချင်းဖြစ်လာလဲမသိ ဘတ်ဟွန်းအကို ဆူဟိုhyung နားမငြီးဖူးလားမသိဖူး
သူသက်ပြင်းတချက်ချပြီး ဘေးကစာအုပ်လေးယူပြီး စာဖတ်နေလိုက်တယ်

..ဟေ့ကောင် ဒီတိုင်းထိုင်ဆော့ရတာပျင်းလာပြီ
..ဘာလဲ ထိုင်မဆော့ဘဲ ထဆော့မလို့လား
ချန်းက ဘတ်ဟွန်းရဲ့ပြောင်စပ်စပ်စကားကိုကြားတော့ ဘေးနားက အရုပ်နဲ့ကောက်ပေါက်လိုက်တယ်
...ငဘတ်စုတ် ငဘတ်ပြတ် ဒီကိုကြည့်
ချန်းရဲ့ အကြည့်က အေးဆေးစာဖတ်နေတဲ့ မင်ဆော့ဆီ
...မင်ဆော့ မင်းကဒီတိုင်းထိုင်နေမို့လား လာပါကွာဆော့မယ်
..မင်းတို့ဘာသာချော့ကွာ မဆော့ချင်ဘူး
..ဟေ့ကောင်ရာ ခေါ်မနေပါနဲ့ သူမှမဆော့တတ်လား
..ဟုတ်လားး ဒါလေးတောင်မဆော့တတ်ဘူးလား သြော်
လုပ်ပြီ အဲ့ကောင်တွေ မဆော့ဆော့အောင် လုပ်နေကြတာ နောက်ဆုံးတော့လဲ သူဝင်ဆော့ရပြီ
..ဒီတိုင်းတော့မဆော့နိုင်ဖူး
..ဒီတိုင်းမဆော့တော့ ဘယ်လိုဆော့မှာလဲ
..ဒီလိုကွ ငဘတ်ရ ရှုံးတဲ့သူ မိန်းကလေးလိုပြင်ပြီး တနာရီ နေရမယ်
..ဘာ မိန်းကလေးလိုပြင်ရမှာလား
..မကြောက်ပါနဲ့ မင်ဆော့ရာ အိမ်ထဲမှာပဲ နေရမှာပါ
..ကဲ ကဲ start

ဂိမ်းဆို မဆော့တဲ့သူလေ ခုတော့ရှုံးပြီ
..ဟေ့ကောင် ငဘတ် အိမ်ဘက်က အပျိုကြီးမမ အဝတ်စားတွေ သွားငှားပါ ဒန့်ဒန့်
ငိုမဲ့မဲ့လေးနဲ့ ထိုင်နေတဲ့သူ့ကို အစုတ်ပလုတ် ကောင်တွေ တယောက်မှ မသနားကြဘူး
...ချန်း ဟိုလေ မဝတ်လို့မရဖူးလားဟင်
....ဒန်ဒန့်ဒန့်
ချန်းစုတ် မသိချင်ယောင်ဆောင်နေတယ်
ဟိုငဘတ်ကလဲ အကျီတွေယူလာပြီး အတင်းသူ့ကိုလဲဝတ်ခိုင်းတယ်
...ငဘတ်
..ဝေ့
..ဒီတိုင်းဆို ငါတို့မင်မင်လေး မလှသေးဘူးကွ
..ဟုတ်လား ပြစမ်း oppaရဲ့ မင်မင်လေး ဆော့ဆော့လေး
ငဘတ်က သူ့မျက်နှာကို သေသေချာချာကြည့်ပြီး
..လှရမယ်လေ oppaပြင်ပေးမှာပေါ့
အခန်းထဲ ပြေးဝင်သွားပြန်ပြီ လာပြန်ပြီ နောက်တကောင်ချန်း ဘေးကနေ ပုခုံးလာဖက်လိုက် မျက်လုံးတဖက် မှိတ်ပြလိုက်နဲ့
..မင်းတို့ ငါ့ကို မသနားကြဖူးလားဟင်
..ငါ ဘာမှမကြားပါ
ချန်းစုတ်

ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(xiuhan)Where stories live. Discover now