ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(part-11)

409 59 0
                                    

ကျွန်တော့်ချစ်သူကောင်လေး(part-11)

ယွန်းမီတယောက် မင်ဆော့အပေါ်အမုန်းကြီးမုန်းနေမိသည် ဟုတ်သည်လေ သူမဘယ်လိုမှချဉ်းကပ်လို့မရခဲ့တဲ့ လုဟန် ပထမနှစ်ထဲကသူမကပင်ကြိတ်ကြိုက်နေခဲ့ရတာ ဒါကို လုဟန်ကဂရုမစိုက်ခဲ့ နောက်ဆုံး ဂျယ်ဆိုးကိုအကြောင်းပြပြီးသူမ လုဟန်နားကပ်ခွင့်ရခဲ့တာ အများအမြင်မှာ အရမ်းချစ်ကြတဲ့ စုံတွဲတွေထင်ကြပေမဲ့ တကယ်တမ်း လုဟန်ကသူမကိုပုခုံးလောက်ပင်ဖက်ခဲ့တာ ဒါတောင် လူမြင်ကွင်းကျမှသာ ခုချိန်မှာ မင်ဆော့တဲ့ နောက်မှရောက်လာပြီး နုံနုံအအနဲ့ သူ နောက်ပြီး ယောင်္ကျားလေးတယောက် ဒါကို လုဟန်က တဖတ်သတ်တဲ့ ယွန်းမီတယောက်နားရှိလို့သာ ကြားမိတာပါ တကယ်မယုံခဲ့ ခု လုဟန်ကိုယ်တိုင်ပြောတော့မှသူမစွံအသွားခဲ့တာ မဖြစ်နိုင်တာ တကျောင်းလုံးကကျောင်းသားတွေကို မေးကြည့် ယွန်းမီနဲ့မင်ဆော့ ဘယ်သူပိုလှလဲလို့ သေချာပေါက် ယွန်းမီပဲပေါ့ ဆိုတဲ့အသံက ဟိန်းထွက်လာဦးမှာ လုဟန်ကိုကြားစေချင်တယ်

သူမကပဲစင်စစ် လုဟန်ရည်းစားဖြစ်ရမှာ သူမဘဝအားလုံး လုဟန်ကြောင့် ပြောင်းလဲလာခဲ့တာ ပထမနှစ်တုန်းက ဆံပင်ရှည်ရှည်နဲ့ အတိုအပြတ်တောင်မဝတ်ခဲ့တဲ့သူမ "နင့် ဒီလိုပုံစံကြောင့် လုဟန်လှည့်မကြည့်တာ ခေတ်မှီစမ်းပါဟယ်"တဲ့ သူငယ်ချင်းတွေစကားကြောင့် သူမပြောင်းလဲခဲ့တာ သူမထင်ထားက ဒီလိုပုံစံနဲ့ လုဟန်သဘောကျလိမ့်မယ်လို့ ဒါပေမဲ့ ဘာလို့လဲ ဘာလို့လုဟန်ကဂရုတောင်မစိုက်ရတာလဲ
မုန်းတယ် မင်ဆော့ နင်ကြောင့် အားလုံးနင်ကြောင့်

..ငါ စာကြည့်တိုက်သွားလိုက်ဦးမယ်

တယောက်နဲ့တယောက်ထိုးကြိတိသတ်ပုတ်နေတဲ့ နှစ်ကောင်ကို သူပြောပြီး စာကြည့်တိုက်ဘက်ကို သူသွားလိုက်တယ် သူ့အတွက်အကောင်းဆုံးနေရာက စာကြည့်တိုက်ပဲလေ တိတ်ဆိတ်တယ် တယောက်ထဲအေးဆေးနေလို့ရတယ်လေ တခါတလေ လုဟန်အကြောင်းတွေအေးဆေးတွေးလို့ရသေး

လာပြန်ပြီအတွေးထဲဝင်လာပြန်ပြီ အာ ဒီလူကြီးကတော့
သူခေါင်းကို ဘယ်ညာယမ်းထုတ်လိုက်ပြီး စာကြည့်တိုက်ထဲဝင်လာလိုက်တယ်

ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(xiuhan)Where stories live. Discover now