ကျွန်တော့်ချစ်သူ ကောင်လေး(part 3)
အိမ်ပြန်ရောက်ရောက်ချင်း သူပေါက်ကွဲတော့တယ် .....လူဆိုးကြီး မုန်းစရာကြီး မုန်းတယ် ငါ့ကိုရုပ်ဆိုးတယ်တဲ့ ဆူဟိုHyungပြောတော့ မင်ဆော့ကချစ်ဖို့ကောင်းတယ်တဲ့
အဓိကက အဲ့လူကြီးက သူ့ကို မျက်လုံးတွေက ပိုရုပ်ဆိုးတယ်လို့ပြောတယ် မှန်ထဲကသူ့မျက်လုံးလေးတွေကိုကြည့်ရင်း
..အဟင့် ငါ့မျက်လုံးတွေကတကယ်ကြီးရုပ်ဆိုးတာပဲ ကြီးလဲကြီးတယ် မျက်ရစ်လဲမရဘူး ဟူးးစိတ်ညစ်တယ်
သူကုတင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အကြောင်းမဲ့ ခေါင်းအုံးကို လက်နဲ့ထုရိုက်ရင်း
..ဘိုလုပ်ရမလဲ ဘတ်ဟွန်းရဲ့linerတွေယူသုံးရမလား အဲ့လို မည်းမည်းကြီးဖြစ်သွားရင်ကော လှလားမှာလား အဟင့် စိတ်ညစ်တယ် အဲ့လူကြီးကြောင့်စိတ်ညစ်တယ် အင့်ဟာ ထုတယ်ဟာ အဲ့လူကြီးကို
ခေါင်းအုံးကို အဲ့လူကြီးမျက်နှာပုံဖော်ပြီး စိတ်ကြိုက်ထုပေးလိုက်တယ်
..သူ့မှာ သမင်မျက်လုံးရှိတယ် ဆိုပြီး သူများကို ရုပ်ဆိုးတယ်လေး ဘာလေးနဲ့ ဟွန့်ယောင်္ကျားလေးတန်မဲ့ အဲ့လောက်ချစ်ဖို့ကောင်းနေတာ မိန်းကလေးသာဆို မတွေးဝံ့စရာ မင်ဆော့ရယ် ရိုက်ထားတဲ့ဓာက်ပုံလေးကို ပြန်ကြည့်ရင်း အသည်းယားလာပြီပေါက်စီရယ်
စာကျက်မယ် ဆိုပြီး ဟန်ကြီးပန်ကြီးနဲ့ သူစာကြည့်စားပွဲမှာထိုင်နေတာ တကယ်တော့ မင်ဆော့ပုံကိုအနီးကပ်ကြီးကိုကြည့်ပြီိးု မျက်နှာကြီးဖြီးမိနေတာ
..သားရေ ommaဝင်လာမယ်နော်
သူကပြာကယာ ဖုန်းလေးဘေးချ အဟဲ မထုတ်ရသေးတဲ့ စာအုပ်ထုတ် ဖွင့်ပြီး
..ဟုတ် omma
Ommaက မုန့်ပန်းကန် လေးကိုင်ပြီးဝင်လာတော့ လုဟန်တို့ ထီပေါက်တာပေါ့
...မနက်ကommaဈေးသွားလို့ ဝယ်လာတာ
ommaချပေးတဲ့ မုန့်ပန်းကန်ကိုကြည့်ပြီး သရေတွေယိုချင်လာပြီ
..omma
..ပြောလေ သား
ommaဆီက ပြောလေ ဆိုတဲ့စကားကြားတော့ သူဝမ်းသာသွားတယ် အဲ့တော့ဆက်ပြောမယ်လေ
.. ယောင်္ကျားလေးတယောက်က အရမ်းချစ်ဖို့ကောင်းနေတာ တော်တော်ထူးဆန်းတယ်နော်
သူမေးလဲမေးချင် မမေးလဲမမေးရဲ
ommaက ကုတင်စွန်းလေးမှာဝင်ထိုင်လိုက်ပြီး
..အင်း ရှားတော့ရှားတာပေါ့သားရယ် အဟမ်း လုဟန်တို့ဒီနေ့မှကျောင်းစတတ်တယ် တွေ့လာပြီလား
..အာ မဟုတ်တာommaကလဲ ဘတ်ဟွန်းသူငယ်ချင်းပါ
..ဟုတ်လား သားထက်ငယ်မှာပေါ့
..ဟုတ်
ommaက ပြောပြီးထထွက်ခါနီး ရှက်ရှက်နဲ့သူခွင့်ထပ်တောင်းလိုက်တယ်
..ဟိုလေomma သူတို့ကိုလေ အိမ်ခေါ်ချင်လို့ အဲ့ဒါ ဟီး
ဆက်မပြောပဲ ဖြီးပြလိုက်တယ် လက်ဖဝါးးလေးနှစ်ဖက်ကိုပွတ်ပြီး
..ဟီး လုပ်ပါနော် omma
...အင်း ခေါ်လိုက်လေ သား ommaလဲ ဟိုချစ်စရာကောင်လေးကိုတွေ့ဖူးချင်တယ်
...ဟာ ommaကလဲ သူ့ကြောင့် အိမ်ခေါ်တာမဟုတ်ပါဘူး သူငယ်ချင်းတွေနဲ့ပျော်ချင်လို့
..အင်းပါ အင်းပါ ညနေကျောင်းပြန်ရင်ခေါ်ခဲ့ ommaမုန့်လုပ်ထားမယ်
..ဟုတ်omma
တကယ်တော့ မင်ဆော့ကိုခေါ်ချင်တာ သူကတယောက်ထဲကို လိုက်မှာမှမဟုတ်တာ ဟီး ရှက်တာ အမလေး kingတဲ့လုဟန်ရယ် အရှက်မရှိ့ ဖြစ်ပျက်နေတာ ကောင်လေးတယောက်ကြောင့် မတတ်နိုင်ဘူးလေ ချစ်မိတာကိုက ကောင်လေးဖြစ်နေတာကို
ကောင်လေးတောင် အရှက်အကြောက်ကြီးပြီး ချစ်ဖို့ကောင်းတဲ့ကောင်လေး
![](https://img.wattpad.com/cover/75757937-288-k391136.jpg)
YOU ARE READING
ကျွန်တော့်ချစ်သူကောင်လေး(xiuhan)
Fanfictionအရှက်အကြောက်လွန်စွာပင်ကြီးသော ကျွန်တော့်ချစ်သူကောင်လေးကို သူအရမ်းချစ်ပါ၏ ငါတို့လက်တွေကို ဒီလိုဆုပ်ကိုင်ထားကြရအောင် အဲ့ဒါဆို ဘယ်သူလာဖြုတ်ဖြုတ်မပြုတ်တော့ဘူး -xiuhan