ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(part-2)

658 77 1
                                    

ကျွန်တော့်ချစ်သူ ကောင်လေး(part 2)

ကျောင်းစတက်ရမဲ့နေ့မို့ လုဟန်တယောက်အလုပ်ရှုပ်နေပြီလေ အရင်တုန်းကအဲ့လောက်အလုပ်မရှုပ်ခဲ့ ခုတော့ တွေ့ရမည်လေ ဟိုအသည်းယားစရာကောင်လေး ပါးဖောင်းဖောင်းလေးနဲ့သူ့မျက်နှာလေးမြင်လိုက်တိုင်း အလိုလိုကိုပြုံးမိလာတာ ဒီတမနက်လုံး သူပြုံးဖြီးနေသလိုပဲ မှန်ရှေ့ခဏခဏရပ်ပြီး တပတ်လည်လှည့်ပြီး မှန်ကြည့်နေတာလဲ အင်း အခါ၂၀ဆယ်တော့ ကျော်ပြီပေါ့ တပုံစံထဲပဲရှိတဲ့ကျောင်းဝတ်စုံတွေကိုလဲ တထည်ပြီးတထည်လဲဝတ်နေတာလဲ အခါပေါင်းမနည်းတော့ ခေါင်းတောင်မူးချင်လာပြီ ကိုယ့်ဘာသာပြာယာခတ်နေတာ သတိထားမိပြီး မတတ်နိုင်ဘူး လှချင်တာကို

ဒီနေ့မှ ကျောင်းသားတွေကနောက်ကျလိုက်ကြတာ ကျောင်းစတက်တဲ့နေ့လေးတောင်အစောကြီးမလာနိုင်ကြဘူး ဒါမှမဟုတ် ကျောင်းကပဲ နောက်ကျမှဖွင့်မှာလားဟ ဟိုဟာကိုအပြစ်တင်လိုက် ဒီဟာကို အပြစ်တင်လိုက်နဲ့ တကယ်တော့ သူကစောနေတာတော့သတိမထားမိပဲ
..ဟာ ဆူဟိုကလဲ ကြာလိုက်တာ
လက်ကနာရီကို ကြည့်ပြီး သူ ခုန်ဆွခုန်ဆွနဲ့အော်နေတာ တကယ်တော့သူ ဆူဟိုလာဖို့မျှော်နေတာမှမဟုတ်တာ ဟီးအရှက်ပြေလေ ဆူဟိုနာမည်တပ်အော်တာ

၈နာရီလောက်ကျတော့မှ အဲ့ကောင်ငဟိုက ရောက်ချလာတယ် အမ် ဘူမှလဲမပါကြပါလား
..ဆူဟို လာပြီလား
..ဟာ ငါလာလို့ မင်းတွေ့တာပေါ့ကွ
ဟုတ်တော့လဲဟုတ်သား သူလာလို့ငါတွေ့တာပဲ
..ဒါနဲ့ မင်းညီဘတ်ဟွန်းရော မပါဖူးလား
တွေ့ချင်တာတယောက် မေးတာတယောက်
...ပါလာတယ် နောက်မှာကျန်ခဲ့တာ လာ ကျောင်းထဲဝင်မယ်
မဖြစ်ဘူးလေ ဝင်လို့မဖြစ်ဘူးလေ ဒီမှာအသေမှန်ကြည့်ပြီး တမနက်လုံး ချောအောင်သန့်အောင်ပြင်ထားရတာလေ မင်းကိုမြင်စေချင်လို့မှမဟုတ်တာ
..ဟာ ကလေးတွေလေကွာ ဒီနေ့မှကျောင်းစတတ်တာလေ သူတို့ကြောက်နေမှာပေါ့
..သူတို့လားကြောက်မှာ ဘတ်ဟွန်းနဲ့ချန်းက မင်းကိုရောင်းစားလို့တောင်ရတယ် လည်ချက်ကကမ်းကုန် သူတို့ဘာသာလာကြလိမ့်မယ် လာ
ဟာ ဒုက္ခတော့ရောက်ပြီ ဆူဟိုကအတင်း လက်တဖက်ကဆွဲပြီးခေါ်တော့ သူယက်ကန်ယက်ကန်နဲ့ ပါသွားပြီ လူသာပါတာ ခေါင်းကနောက်ကိုလည်ပြန် သမင်လည်ပြန်ဆိုတာဒါမျိုးထင်ပါ့

ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(xiuhan)Hikayelerin yaşadığı yer. Şimdi keşfedin