ကျွန်တော့်ချစ်သူကောင်လေး(final part)
ဒီနေ့က လုဟန်အတွက် ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရတဲ့နေ့ ကျောင်းကန်တင်းမှာလူစုလိုက်ခြင်းပင် ဘတ်ဟွန်း ချန်း ဆူဟို မင်ဆော့ ယူဟီး နဲ့ သူ ယွန်းမီကိုလဲလုဟန်ကိုယ်တိုင်သွားခေါ်လာခဲ့တာ သူမကလုဟန်ကလာခေါ်သည့်အတွက် သူမမျက်နှာပေါ်မှာပြုံးရိပ်ယောင်တွေပြလျက် ဘာလို့ဒီနေရာမှာလူစုနေတာလဲဆိုတာသူမသိချင်ပုံမပေါ် မမေးပါ တခါတခါ လုဟန်အားမေးထောက်ပြီး စူးစူးစိုက်စိုက်ကြည့်နေသည်က လုဟန်အတွက်ပါမက ဘေးကလူတွေကိုပါ နေရခက်စေတယ် သူမရဲ့အကြည့်ကလုဟန်ဆီ လုဟန်ရဲ့အကြည့်ာက မင်ဆော့ဆီ
ခုထိ ဂျယ်ဆိုးရောက်မလာသေးတာကြောင့် လုဟန် ထိုင်မရထမရဖြစ်လာတယ် တိတ်ဆိတ်နေတဲ့အခြေအနေမှာ ဘယ်သူကမှစကားစပြောဖို့ အစဉ်အစီမရှိကြဘူးထင်တယ် ဘေးပတ်ဝန်းကိုငေးတဲ့သူနဲ့ ဘာမှမသိနားမလည်တဲ့ပုံစံဖြစ်နေတာက ဆူဟို
ဟင်းး သက်ပြင်းချမိနေသည်က အကြိမ်ပေါင်းမနည်းး ဘေးကဆူဟိုကသူ့ဘက်လှည့်ကြည့်တော့
..ဘာလဲ ရေဦးမလို့လားးသူရဲ့ဘုဆတ်ဆတ် အမေးကို ဆူဟိုက ခေါင်းခါပြပြီး
..ငါ မအားသေးပါဘူးကွာ ငါ ဒီအခြေအနေကိုသိချင်လို့မင်းကိုကြည့်ယုံလေးပါထပ်ပြီး တိတ်ဆိတ်သွားပြန်တယ် ဂျယ်ဆိုးကိုစောင့်နေတာနာရီဝက်ရှိပြီ လုဟန်တယောက် လက်ကနာရီကိုတကြည့်ကြည့်နဲ့ ရင်မောနေရတယ်
..ဟား sorryကွာ အိပ်ရာထနောက်ကျလို့
အမောတကောနဲ့ ရောက်ချလာတဲ့ဂျယ်ဆိုးကိုလုဟန် ရှေ့ကဖန်ခွက်နဲ့ ထထုချလိုက်ချင်တယ်..ကဲ လူစုံပြီဆိုတော့ စတော့
မသိလျှင်ဒီအခြေအနေက တရားခွင်တခုလို တရားခံ တရားလို တရားသူကြီးး မျက်မြင်သက်သေ အားလုံးစုံတယ် တရားလိုက ကျွန်တော်ပေါ့ တရားခံကယွန်းမီ မျက်မြင်သက်သေဂျယ်ဆိုး အဲ့တရားသူကြီးလဲဂျယ်ဆိုးလို့ပဲဆိုရမလို သူ့ဆုံးဖြတ်ချက်ကအမှန်ဖြစ်ပါစေလို့ဆုတောင်းတယ် သူအမှန်တွေပဲပြောပါစေ
..ဟန် ဂျယ်ဆိုးကဘာကိစ္စနဲ့ရောက်နေရတာလဲ
..ငါလားး ငါရောက်နေတာက ငါ့သိက္ခာကိုငါပြန်ဆယ်ဖို့နဲ့ နင့်အသုံးချတာကိုခံလိုက်ရတဲ့ လုဟန်ကိုကယ်ဖို့
YOU ARE READING
ကျွန်တော့်ချစ်သူကောင်လေး(xiuhan)
Fanfictionအရှက်အကြောက်လွန်စွာပင်ကြီးသော ကျွန်တော့်ချစ်သူကောင်လေးကို သူအရမ်းချစ်ပါ၏ ငါတို့လက်တွေကို ဒီလိုဆုပ်ကိုင်ထားကြရအောင် အဲ့ဒါဆို ဘယ်သူလာဖြုတ်ဖြုတ်မပြုတ်တော့ဘူး -xiuhan