ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(part-8)

463 59 0
                                    

ကျွန်တော့်ချစ်သူကောင်လေး(part-8)

သူ့နားကို ခြေလှမ်းတလှမ်းချင်းစီ ခါယမ်းပြီးလျှောက်လာတဲ့ ယွန်မီကို သူအကြောင်သားငေးကြည့်နေမိတယ် ကာလာစုံလှသောသူမရဲ့ဆံပင်တွေ လည်ဟိုက်နေသောအကျီ ပေါင်လယ်လောက်ထိသာရှိသောတိုကပ်နေတဲ့စကတ်နဲ့ ခပ်မြင့်မြင့်ဒေါက်ကို တဂွပ်ဂွပ်မြည်နေအောင် လျှောက်လာတဲ့ သူမကို သူအရမ်းအံ့သြသွားမိတယ် ပြောင်းလဲသွားခဲ့တယ်သူမ အရင်ကသူသိတဲ့ယွန်မီမဟုတ်တော့ အရင်ကအရောင်မဲ့နေတဲ့ ဖြောင့်စင်းအိနေတဲ့အနက်ရောင် ဆံပင်ွလှလှလေးတွေနေရာမှာ အခုတော့တွန်လိမ့်ကောက်ကွေးနေတဲ့အရောင်စုံစုံဆံသားတွေကနေရာယူထားလျက် အရင်ကလည်ဟိုက်နေတဲ့အဝတ်အစားတွေတောင်မဝတ်တတ်တဲ့သူမက အခုတော့ ဝတ်တတ်လာခဲ့ပြီ အခုတော့တိုကပ်နေတဲ့စကတ်နဲ့ သူမပုံစံက အခြားတယောက်လို
သူ့လက်ကို လာဆုပ်ကိုင်လိုက်တော့တဲ့ သူအတွေးကမ္ဘ္ဘ္ဘာထဲကနေ နိုးထလာခဲ့ရတယ်

..ဟန်ရယ် ခေါ်လိုက်ရတာ
အခုထိသူမရဲ့အခေါ်အဝေါ်တွေကမပြောင်းလဲသေ အခုချိန်မှာ ကိစ္စအားလုံးပြီးပြတ်သွားပြီမို့ ပြောင်းလဲသင့်ပြီလေ "ဟန်"ဆိုသည့် သူမခေါ်ခဲ့တဲ့ သူ့နာမည်ကို ပထမနှစ်နောက်ဆုံးစာမေးပွဲဖြေသည့်နေ့အထိပဲ သူမခေါ်ခွင့်ရခဲ့သည်လေ ဒါကိုသူမမေ့နေသည်လား ဒါမှမဟုတ် တမင်တကာမေ့လျော့ထားခြင်းလား

...ဟန် ကျောင်းတက်နေပြီလား ယွန်းကတော့ မနေ့ကမှ ဒီကိုပြန်ရောက်တာ
သူ့လက်မောင်းကို လှုပ်ရမ်းကာ ချွဲနွဲ့ကာ ပြောနေသည့်သူမကို သူနားမလည်နိုင်တော့ တချိန်က ကိစ္စတခုကြောင့် "ယွန်း"ဆိုပြီး သူမအမည်ကို သူအတိုကောက်အဖျားစွတ်ခေါ်ခဲ့ခြင်း ဒါကို အခုထိသူမက သူ့ကိုယ်သူ ယွန်း ဟု ပြောဆိုသုံးနှုန်းနေခြင်း မင်းကတိကိုများ မင်းမေ့နေတာလား ယွန်မီ

...အင်း တက်နေပြီ ၁ပတ်လောက်ရှိပြီ
သူ သာမန်အတိုင်းပင် ထိန်းပြောရင်း သူ့လက်ကိုအတင်းလာဖက်တွယ်ထားသည့် သူမရဲ့လက်တွေကို သူမသိမသာလေး ဖြုတ်ချလိုက်တယ်
ဒီလို လက်မောင်းကိုလာဖက်တွယ်တာမျိုးက ပြီးခဲ့တဲ့ကိစ္စအချို့လေ ယွန်မီ

ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေး(xiuhan)Dove le storie prendono vita. Scoprilo ora