" Intro ! "

10.6K 747 43
                                    

" မင်း က ဘာလဲ? "

ကျွန်တော့် အကျီင်္စ ကို တင်းတင်းဆွဲပြီး အသက်ရှူ ရခက်အောင် လုပ်နေတဲ့ သူက ~ ကျွန်တော့် မျက်ဝန်း ထဲမှာတော့ သိပ်ကို ချောနေပါသတဲ့~

ပါးပြင်နုနုထက်က သွေးကြောစိမ်းလေးတွေဟာ တစ်ခုချင်း ရေတွက်လို့ ရလောက်တဲ့ အထိ ~

ယောက်ျားဆန်တဲ့ မျက်ခုံးလေး တွေ ~ မျက်လုံးအကြည့်က အကြည့်ခံရတဲ့ လူကို ကြက်သီးထရလောက်တဲ့ အထိ ~

သေလောက်တယ် ~

" မိန်းမလို နွဲ့တဲ့တဲ့ ပုံစံမျိုးတွေ ငါ သဘောမကျဘူး ဆိုတာ မင်း သိဖို့ကောင်းတယ် Luhan "

Luhan?

သူ့ နှုတ်ခမ်းဖျားက မာဆတ်ဆတ်လေး ထွက်ကျလာတဲ့ ကျွန်တော့် နာမည်လေးက အစ သေလောက်အောင် တန်ဖိုးရှိနေပြန်တယ်~

အဟင်း ~ သဘောကျတယ် ~

" ဘာလဲ ~ ဒီကောင် ရူးနေတာ များလား ?? "

သူ့ စကားကြောင့် သူ့ဘေးနားကနေ နံရံကို မှီပြီး စိတ်မပါလက်မပါ ရပ်နေတဲ့ Chanyeol က ခပ်ငြီးငြီး ခေါင်းခါပြရင်း ~

" အရေးမပါတာတွေ စိတ်ဝင်စားမနေစမ်းပါနဲ့ ~ Oh sehun ရယ် "

Oh Sehun ~

တစ်ကမ္ဘာလုံးမှာ ကျွန်တော် သဘောအကျဆုံးသော သူ့ နာမည်လေး ~

" ဟုတ်ပါတယ် ~ အရေးမပါတဲ့ဟာ တွေက တကယ့် စိတ်ပျက်စရာ ~ shit "

ဖျတ်ခနဲ Chanyeol မီးညှိလက်စ ဆေးလိပ်ကို ဆွဲယူပြီး ခပ်အေးအေး ဖွာရင်း ကျွန်တော့်ကို ခပ်ပေါ့ပေါ့ စိုက်ကြည့်တယ် ~

မြေနိမ့်ရာ လှံစိုက်တဲ့ အကြည့်လိုမျိုး ~

" မင်း ကို ငါ့ မျက်စိရှေ့မှာ မတွေ့ချင်ဘူး ~ အသတ်မသေချင်ရင် ငါနဲ့ ဝေးဝေးနေရင် ကောင်းမယ် "

ဖူးခနဲ ကျွန်တော့် မျက်နှာရှေ့ကို ဖွာထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ~

သူ့ နဲ ပတ်သတ်ရင် ဆေးလိပ်ငွေ့ကတောင် အသည်းခိုက်မတက် ချို မြနေလေရဲ့~

" မင်း လက်နဲ့ ကိုယ်တိုင် သတ်မယ် ဆိုရင် ငါ သေဝံ့ပါတယ် Hun "

" Black Coffee " [ Completed ]Where stories live. Discover now