Cry ~~~

6.1K 858 44
                                        

သူ့ရင်ငွေ့နဲ့ အိပ်ပျော်သွားတဲ့နေ့ ~ အဲ့ဒီနေ့ကတည်းက ~

ကျွန်တော် ~ စကားမပြောနိုင်တော့ဘူး ~

Doctor ကတော့ ထိတ်လန့်တဲ့ အခြေအနေတစ်ခုကြောင့်လို့ ပြောပေမဲ့~ ညတိုင်းလိုလို ကျွန်တော့် အိမ်မက်ထဲမှာ သွေးတွေနဲ့ လဲနေတဲ့ မိန်းမကြီး တစ်ယောက် ပါလာတယ် ~ ကျွန်တော်က ဓားတစ်ချောင်းကို ကိုင်ထားတာ ~ wae? အဲ့ မိန်းမကြီးက ဘယ်သူလဲ?

" ညစာလေး စားပါလား သခင်လေးရယ်~ Huh? "

Jin ရဲ့ စိုးရိမ်တကြီး အမေးကို ကျွန်တော် မျက်နှာလွှဲရင်း ခပ်မြန်မြန် ခေါင်းရမ်းပြလိုက်မိပြန်တယ်~ ဆစ်ခနဲဗိုက်ထဲက ထိုးအောင့်မှုက စူးဝါးဝါး~

နာရီကို တစ်ချက်ငေးကြည့်မိတော့ ~ 10 နာရီ ထိုးလုနီးပါး ~

ဟင်း ~ Hun အိမ်ပြန်နောက်ကျ ပြန်ပြီ ~

* တော်ကွာ ~ မစောင့်ဘူးကွာ ~ *

ကိုယ့်နှုတ်ခမ်းကို ခပ်တင်းတင်း ဖိကိုက်ရင်း အိပ်ယာပေါ်ကို လှဲချလိုက်တော့ Jin က သက်ပြင်း တစ်ချက် ချပြီး အခန်းထဲက ထွက်သွားတယ် ~

တဖြည်းဖြည်း မျက်လုံးတွေ စင်းလာပြီး ခပ်မှေးမှေးအိပ်ပျော်လုနီးပါး အခြေအနေရောက်တော့ ညာဘက်ပါးပြင်ကို လာထိတဲ့ နွေးထွေးတဲ့ အထိအတွေ့တစ်ခု~

သူ့ လက်ဖဝါးနုနုလေးပဲ ဖြစ်မယ် ထင်ပါတယ်~

" ကလေး ~ ညစာ မစားဘူးဆို ~ ဘာလဲ ဆန္ဒပြနေတာလား ~ "

သူက ကျွန်တော့် အိပ်ယာပေါ် တင်ပါးလွှဲ ဝင်ထိုင်ရင်း မေးတော့ ~ ကျွန်တော် အိပ်ယာပေါ်က ဝုန်းခနဲ ထထိုင်ပစ်လိုက်တယ်~

" Wae? စားချင်စိတ် မရှိလို့လား "

ဟော ~ ကျွန်တော့် နဖူးပြင်ပေါ်က ဆံပင်လေးတွေကို သူ့လက်လေးနဲ့ ခပ်ဖွဖွ သပ်ချ ပြန်ပြီ ~

Oh Sehun ~ မင်းဘာသာ မင်း ကြည်ကြည်ဖြူ ဖြူ ပေးအပ်တဲ့ ကြင်နာမှုနော် ~

ငါ အကန်းတက်သွားရင် မင်းပဲ တာဝန်ယူရမယ်~

ကျွန်တော် ~ သူ့ ပုခုံးလေး အသာတွန်းရင်း နံရံကပ် နာရီကို လက်ညိုးထိုးပြလေတော့ ~ သူက နာရီကို မော့ကြည့်ရင်း ~

" Black Coffee " [ Completed ]Where stories live. Discover now