" Lu ~ "
ခပ်ငြိမ်ငြိမ်လေး ထွက်ကျလာတဲ့ ... သူ့ နှုတ်ခမ်းဖျားက .. စကား တစ်ခွန်းဟာ ... ပေါက်ကွဲလုမတက် ထိန်းထားရတဲ့ ~ ရင်ခုန်နှုန်းကို .. ပိုပိုတိုးလာစေတယ် ဆိုတာသာ.. သူသိရင် .. ရယ်မောနေမလားမသိ~
" နောက်နေတာတော့ မဟုတ်ပါဘူးနော် "
ကားပြတင်းပေါက်မှန်ကို ချလိုက်ရင်း ကားမောင်းနေတဲ့ သူ ကြားလိုလေမလား ဆိုပြီး ရည်ရွယ်ပြီး ရေရွတ်လိုက်ပေမဲ့ .. သူ့ ဆီက ရယ်သံ ဖွဖွသာ .. အစားပြန်ရတယ်လေ..
Oh sehun ...
မင်း ငါ့ကို ရည်ရွယ်ချက်ရှိရှိ ညှင်းသတ်နေတာ မလား? huh?
သက်ပြင်းတစ်ချက်သာ.. မဆီမဆိုင် လွှတ်ထုတ်မိရင်း.. ဘာအဖြေမှ ပြန်မပေးလေတဲ့ သူ့ကို တော်တော်.. စိတ်ပေါက်မိတာတော့ အမှန်...
" ဟင်း ~ "
" အပြင်က လေတိုက်နေတာ အေးတယ် ~ မှန် ပြန်တင်လိုက် ~ "
ဖျတ်ခနဲ လက်ကို ညင်ညင်သာသာ လာဆုတ်ကိုင်ရင်း သူ့ မူအတိုင်း.. အမိန့်ပေးသလို .. ပြောတော့ ~ ကျွန်တော် ~ သူ့အလိုကျ မှန်ပြန်တင်လိုက်မိတယ် ~
" လိမ်မာလိုက်တဲ့ ကလေးလေး ကွာ ~ "
ဘုရားရေ~
သူ့မှာ တစ်ကြိမ် တစ်ခါမှ မရှိဖူးဘူး ထင်ရတဲ့ အကြင်နာအကြည့် တစ်ချို့နဲ့ ကျွန်တော့် မျက်နှာကို နေရာမလပ် အခေါက်ခေါက်အခါခါ စိုက်ကြည့်နေပြန်သတဲ့လေ~
ကျွန်တော် အယောင်အယောင် အမှားမှား နဲ့ သူ့ကို .. ပြန်ငေးနေလေမိတော့ ~
" ဘာလဲ ? ကိုယ့်ကို ဘာလို့ အဲ့လောက်ငေးကြည့်နေရတာလဲ ? "
ဟော ~
မျက်ခုံးလေးတစ်ချက်ပင့်ပြီး ~ နှုတ်ခမ်းလေးကွေးရုံ ပြုံးပြနေပြန်ပြီ ~
အာာားးးးး ~
ကျွန်တော့် ရှေ့မှာ ရှိနေတာ Oh sehun အစစ်ရော ဟုတ်ပါရဲ့လားမသိ ~
" ဟိတ် ~ ကိုယ် ကားမောင်းနေတာကို အာရုံစိုက်လို့မရအောင် တမင် လုပ်နေတာမလား "

YOU ARE READING
" Black Coffee " [ Completed ]
FanfictionHun ah ~ မင်း သိလား? တစ်ချို့ အချစ်တွေက ပေါင်းဖက်ဖို့ ကံကြမ္မာ မပါခဲ့ဘူး ~