ဆိုင်ရောက်ထဲက လည်ပင်းရှည်လောက်အောင်မျှော်တော်ယောင်လုပ်နေတဲ့ baek ကိုကြည့်ရင်းမနေနိုင်မထိုင်နိုင်မေးမိတယ်
"baek ဘယ်သူ့ကိုဒီလောက်မျှော်နေတာလဲ customer တွေလဲလာနေတာပဲကို"
ကျွန်တော်မေးလိုက်တော့ ရှက်ပြုံးလေးပြုံးရင်း
"hee Sehun မလာသေးလို့"
အော် မေးမိတဲ့ကျွန်တော်အမှားပေါ့ဗျာ ဝမ်းနည်းသွားတဲ့စိတ်ကို မျက်နှာမှာမပေါ်အောင်အပြုံးတခုနဲ့ဖုံးဖိရင်း
"Luhan hyung ကိုစောင့်နေတာဖြစ်မှာပါ Hun လေးက"
Luhan hyung နာမည်ပါသွားတော့ ရုတ်တရက် baek ကိုအားနာမိသွားသလို အော်ကျွန်တော်လဲအရိပ်သုံးပါးမဟုတ် လေး ငါးပါးလောက်ကြည့်နေရတဲ့အဖြစ်ပါလား။
ကျွန်တော်နဲ့ baek ကကျောင်းစာကိုအဲ့လောက်စိတ်ဝင်စားသူတွေမဟုတ်တော့ အတန်းပြီးပြီးမပြီးပြီး ဒီဆိုင်လေးကိုစောစောလာ customer တွေမလာသေးရင် ကျွန်တော်ကဝါသနာအရ ဟင်းလျာအသစ်လေးတွေစမ်းချက် baek ကကျွန်တော်ချက်သမျှကို ဝေဖန်ပေးရင်း အကုန်စားပေးတယ်။အဲ့လိုအချိန်တွေဆိုကျွန်တော်အရမ်းပျော်တယ် ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေချိန်မှာ ကိုယ်ချစ်ရသူကဘေးမှာရှိနေတယ်မဟုတ်လား လောကကြီးကအဲ့လိုအချိန်တွေတော့ ကျွန်တော့်အတွက်သိပ်လှပလွန်းတယ်။baek ကျွန်တော်ရှေ့မှာ တခြားသူအကြောင်းပြောနေလဲ ကျွန်တော်သူ့အလိုကျ နားထောင်ပေးလိုက်တာပဲ စိတ်ထဲမှာနာကျင်ရတယ်ဆိုပေမယ့် သူရင်ဖွင့်တဲ့သူဟာကျွန်တော်ဖြစ်နေလို့ ကျွန်တော်ကျေနပ်ပါတယ် သူ့အကြောင်းပိုသိရတယ်မှတ်လား။
Hun လေးကတော့အတန်းစာကိုစိတ်ပါဝင်စားလို့တတ်တယ်ဆိုတာထက် Luhan hyung ကိုစောင့်ချင်လို့နောက်ဆုံးအချိန်ထိအတန်းထဲထိုင်နေတတ်တာ ကျွန်တော့်ညီအကြောင်းကျွန်တော်သိတာပေါ့ အဲ့ကလေးက Luhan hyung ဆိုအကဲကိုပိုလွန်းတတ်တာလေ။
"hyung တို့ကျွန်တော်တို့နောက်ကျသွားလား"
********
လာပါပြီကျွန်တော်စောင့်မျှော်နေသူလေး တနေကုန်မှာ အခုလို၃ ၄ နာရီလောက်ပဲသူ့မျက်နှာလေးကိုတဝကြည့် သူနဲ့စကားလေးတွေတတွတ်တွတ်ပြောရတာမှတ်လား။လက်ချင်းတွဲပြီးဝင်လာတဲ့ Hunnie နဲ့ Luhan hyung ကိုမြင်တော့ သူတို့နှစ်ယောက်ချစ်သူတွေများဖြစ်သွားကြပြီလား တွေးအမိရင်ဘက်ထဲကနှလုံးသားလေးကတချက်အောင့်သွားတယ်။ဒါ့မယ့် ကျွန်တော်ကျေနပ်ပါတယ် Hunnie သူချစ်ရတဲ့သူရဲ့အချစ်ကိုရဖို့ပဲကျွန်တော်မျှော်လင့်တာပါ သူပျော်နေရတယ်ဆိုပြီးတာပါပဲလေ။ကျွန်တော့်ဘက်ကသူ့ကိုချစ်မိနေတယ်ဆိုပေမယ့် ကျွန်တော့်အချစ်ကဖြူစင်တယ် ကျွန်တော့်ဘက်ကချစ်နေပေး ဂရုစိုက်ပေးနေရဖို့ပဲကျွန်တော်မျှော်လင့်တာ Hunnie ဘက်ကနေဘာကိုမှကျွန်တော်မမျှော်လင့်ထားဘူး ယုတ်စွအဆုံး သူဘယ်သူ့ကိုချစ်နေတယ်ဆိုတာတောင် ကျွန်တော်ပဲပြောပြခဲ့ပေးတာမှတ်လား ကျွန်တော့်ဘက်ကသဘောထားကိုဘယ်တော့မှလဲ Hunnie ကိုပြောပြမှာမဟုတ်ဘူး မစွန့်လွှတ်နိုင်သေးတာတော့ချွင်းချက်ပေါ့လေ။
ŞİMDİ OKUDUĞUN
RECTANGLE
FanfictionThis is my second fiction after Only U .Main characters are Hunhan & Chanbaek.Hope you to enjoy.