"ကျွန်တော့်နောက်လုံးဝ လိုက်မလာပါနဲ့"
တနှစ်ကြာပြီးမှပြန်တွေ့တဲ့သူကို နှုတ်ဆက်စကားက ရင့်သီးလိုက်တာ Hun ရယ် ဒီကြားထဲဘယ်လောက်တောင် လွမ်းနေခဲ့ပြီး Hun ဆီပြန်လာဖို့ တခြားလူတွေနဲ့ရင်ဆိုင်ဖို့ဘယ်လောက်တောင်သတ္တိမွေးခဲ့ရလဲ Hun မသိပါဘူးကလေးရယ်
Hun နဲ့အတူမရှိခဲ့တဲ့အချိန်တွေမှာ ထွက်ပြေးခဲ့မိတာကို hyung ဘယ်လောက်နောင်တရမိတယ်မှတ်လဲ ထားခဲ့ရက်တယ်ဆိုပြီး hyung ကိုနာကျည်းနေခဲ့လား Hun ရယ် ကိစ္စမရှိပါဘူးလေ hyung ကပဲစိတ်ဆိုးအောင်လုပ်မိတဲ့လူဆိုတော့ ကလေးစိတ်ပြေတဲ့အထိ ဒီ hyung ကလိုက်ချော့ရတော့မှာပေါ့အတွေးတွေရပ်ကာ အရှေ့ကခြေလှမ်းသုတ်သုတ်နဲ့ထွက်သွားတဲ့ Hun နောက်ကျွန်တော်ပြေးလိုက်မိတယ်
"Hun ah "
ကျွန်တော့်အသံကြားတာတောင်တချက်လေးမှသူ့ခြေလှမ်းတွေမရပ်တန့်သွားဘူးဆိုတော့ Hun တော်တော်ဒေါသထွက်နေပုံပဲ တောင်းပန်ပါတယ် Hun ရယ် hyung အပြစ်တွေအတွက် ဘာမဆိုခံယူဖို့အသင့်ပါ
သူ့ကိုမှီအောင်အမြန်ပြေးလိုက်ကာ သူ့ရှေ့ပိတ်ရပ်လိုက်တော့ မြင်လိုက်ရတာ Hun မျက်ရည်တွေ နှုတ်ခမ်းကိုတင်းတင်းစေ့လို့ မျက်နှာတချက်မပျက်ဘဲ မျက်ရည်တွေသာကျနေတဲ့ Hun ကြောင့် ကျွန်တော်ကိုကျွန်တော် ပိုအပြစ်တင်မိတယ် ကျွန်တော်မရှိတဲ့အတွင်းမှာရော Hun အခုလိုပဲ ဘယ်သူမှမရိပ်မိအောင် ကြိတ်ငိုနေခဲ့တာလား"Hun ah "
သူ့မျက်ရည်တွေသုတ်ပေးဖို့လက်လှမ်းမိတော့ ကျွန်တော့်လက်ကို တွန်းဖယ်လိုက်ကာ
"ဖယ်စမ်းပါဗျာ "
စကားပြန်ပြောတယ်ဆိုတော့ ကျွန်တော့်ချစ်သူလေး တကယ်စိတ်မဆိုးဘဲ စိတ်ဆိုးချင်ယောင်ဆောင်နေမှန်းကျွန်တော်သဘောပေါက်လိုက်တယ်
"တောင်းပန်ပါတယ် Hun စိတ်မဆိုးပါနဲ့နော်"
သူ့ခါးကိုလက်နှစ်ဖက်နဲ့တင်းတင်းဆွဲဖက်လိုက်ပြီး သူ့ရင်ခွင်အောက်ကနေ သူ့မျက်နှာချောချောကိုမော့ကြည့်ရင်း ကျွန်တော်တောင်းပန်စကားဆိုမိတယ် သူကတော့ကျွန်တော့်မျက်နှာကိုတချက်လေးမှငုံ့မကြည့်
ŞİMDİ OKUDUĞUN
RECTANGLE
FanfictionThis is my second fiction after Only U .Main characters are Hunhan & Chanbaek.Hope you to enjoy.