"ဘာကိုတောင်းပန်တာလဲ hyung ရာ ကျွန်တော်ကသာ ကျွန်တော်ကသာတောင်းပန်ရမှာပါ"
Lu ရဲ့စာကိုဖတ်ပြီးတဲ့အဆုံး ဆို့ဆို့နစ်နစ်ထွက်လာတဲ့ baekhyun hyung အသံ
"ကျေးဇူးတင်တယ် ဟုတ်လား ညီအကိုအရင်းတွေလိုနေခဲ့ကြတာကို ကျေးဇူးတင်တယ်ပြောစရာလိုသေးလို့လား"
Yeol hyung ဆီကမကျေမနပ်သံတခု လူတွေအားလုံးကိုခံစားရအောင်လုပ်ပြီးပျောက်သွားရက်တယ် Lu ရယ်
ဘယ်သူ့ကိုမှမော့မကြည့်သော်လည်း hyung တွေမျက်ရည်ကျနေမှာကို ကျွန်တော်သိနေပေမယ့် ကျွန်တော်ကိုယ်တိုင်က တောက်လျှောက်ကျနေတဲ့မျက်ရည်တွေကိုမတားစီးနိုင်သေးတာကြောင့် မျက်နှာအောက်ချသာနေမိတယ်"Hunnie "
Yeol hyung ရဲ့စိုးရိမ်လွန်းနေတဲ့ခေါ်သံကြားတော့ ပိုငိုချင်မိပြန်တယ်
"hyung "
Yeol hyung ကိုဖက်ကာကလေးတယောက်လိုငိုမိတော့ Yeol hyung ဆီကြားနေကြစကားသံတခုထွက်လာတယ်
"Luhan hyung ကွာ ကလေး ကိုငိုအောင်မလုပ်ပါနဲ့ထပ်ခါထပ်ခါပြောဖူးရက်နဲ့"
Yeol hyung အသံတွေလဲတုန်ရင်နေတာအတိုင်းသားရယ် Lu ရယ်သိပ်လုပ်ရက်တယ်ဗျာ
"Chanyeol ah
Hunnie ကိုအထဲခေါ်သွားလေ ငါဒေါ်လေးတို့နဲ့စကားသွားပြောဦးမယ်"baekhyun hyung လဲအကြောင်းအမျိုးမျိုးကြောင့်စိတ်ရှုပ်နေရမှာသိပေမယ့် ကျွန်တော့်ဘက်က Lu ကိုယ်စားနှစ်သိမ့်ပေးနိုင်စွမ်းမရှိပြန်ဘူး
"baekhyun hyung "
"Hunnie ဘာမှမဖြစ်ဘူး hyung ကိုအားနာစရာလဲမလိုဘူး hyung ဒေါ်လေးနဲ့လဲ hyung ပဲစကားပြောပေးမယ်"
အခုချိန်မှာကျွန်တော့်ဘက်က ဒီ hyung တွေရှိနေသေးတော့ နဲနဲတော့အားရှိမိတယ်
"Hun လေးအထဲဝင် လာ"
Yeol hyung ခေါ်ဆောင်ရာနောက်သာ ကျွန်တော်အသံတိတ်လိုက်သွားလိုက်တယ် စိတ်ရောလူရောပင်ပန်းလိုက်တာ Lu ရယ် အဲဒါတွေအားလုံး Lu ကြောင့်ဆိုတာသိရဲ့လား
"လက်တွေလဲအေးစက်နေတာပဲ ဘယ်အချိန်ထဲကအပြင်မှာနေနေတာလဲ ရောက်ရင်လဲဝင်ခဲ့ပါတော့လား Hunnie ရယ်"
ŞİMDİ OKUDUĞUN
RECTANGLE
FanfictionThis is my second fiction after Only U .Main characters are Hunhan & Chanbaek.Hope you to enjoy.