"မင်းအကုန်သိနေခဲ့တယ်မှတ်လား baekhyun ဟင် မင်းသိခဲ့ပြီးသားမဟုတ်လား"
တွေဝေနေတဲ့ပုံစံကနေ ရုတ်ခြည်းပြောင်းလဲသွားတဲ့ Luhan hyung ကိုကြည့်ပြီး ကျွန်တော်ဘာကိုမှန်းမသိထိတ်လန့်လာတယ်
"ဘာ ဘာကိုပြောတာလဲ hyung?"
ကျွန်တော့်စကားကိုမယုံကြည်သလို စူးစူးရှရှကြည့်နေတဲ့ hyung ရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေတွဲခိုနေတာကို အတိုင်းသားမြင်နေရတယ် မျက်ရည်မကျအောင်အတင်းထိန်းချုပ်နေပုံရတဲ့ hyung ပုံစံကိုကြည့်ပြီး ကျွန်တော်ပါမျက်ရည်ဝဲလာတယ်
"အဟက် ငါကိုကသိပ်ညံ့လွန်းခဲ့တာပါ မင်းနာမည် Byun baekhyun ဆိုကထဲကသိခဲ့သင့်တာ"
ခနသလို ရီလိုက်ပြန်တဲ့ Luhan hyung ကိုကြည့်ရင်းတဖြည်းဖြည်းပိုပိုထိတ်လန့်လာတယ် ဟင့်အင်းး ကျွန်တော်ဘာကိုကြောက်နေတာလဲ ကျွန်တော်လဲဘာမှမလုပ်ထားဘဲနဲ့
"hyung ဘာတွေပြောနေတာလဲ"
မခံချင်စိတ်လေးနဲ့ပြောလိုက်ပေမယ့် ထွက်လာတဲ့ကျွန်တော့်အသံက တုန်ရီပြီးငိုသံစွတ်နေတယ်
"မင်းတကယ်မသိတာလား byun baekhyun ဟင် "
တဖြည်းဖြည်းဒေါသသံပါလာတဲ့ hyung ကိုကြည့်ရင်းကျွန်တော့်ရင်ထဲဆို့နစ်လာတယ် hyung ပုံစံကလဲတခုခုကိုအရမ်းစိတ်ထိခိုက်နေမှန်းသိသာလွန်းတယ် မှတ်လား
"မင်းမိဘတွေကြောင့် မင်းမိဘတွေကြောင့် ငါ့မိဘတွေဒီလောကကြီးထဲကနေထွက်သွားခဲ့ရတာ"
မနည်းအားယူပြီးမျက်ရည်တပေါက်ပေါက်ကျရင်း hyung ပြောလိုက်တဲ့စကားက ကျွန်တော့်မိဘတွေကြောင့်တဲ့လား ဘာတွေလဲ Luhan hyung ဘာတွေလာပြောနေတာလဲ ကျွန်တော့်မိဘတွေကကျွန်တော့်အပေါ်မှာတောင်သွေးအေးတယ်ဆိုပေမယ့် အဲ့လောက်တော့ အဲ့လောက်တော့ မရက်စက်ပါဘူး
"ဟင့်အင်း hyung တခုခုမှားနေပြီ hyung ဘာတွေပြောနေတာလဲ"
လက်မခံနိုင်စွာ ကျွန်တော်ငြင်းမိတော့ Luhan hyung မျက်နှာမှာသရော်တဲ့ အရိပ်အယောင်တွေအပြည့်နဲ့
"မင်းဘဝကြီးကတော့သိပ်ပြည့်စုံခဲ့တယ်နော် baekhyun ဒါမယ့်ငါ့ဘဝကြီးကစုတ်ပြတ်သတ်ခဲ့ရတာ"
ŞİMDİ OKUDUĞUN
RECTANGLE
FanfictionThis is my second fiction after Only U .Main characters are Hunhan & Chanbaek.Hope you to enjoy.