Episode 12

1.4K 195 14
                                    

ကျောင်းခေါင်မိုးထပ်မှာတယောက်ထဲ အရှေ့လျှောက်အနောက်လျှောက် ဘယ်ပြန်လျှောက်ညာပြန်လျှောက် လုပ်နေရင်းလှုပ်ရှားနေတဲ့စိတ်ကိုတည်ငြိမ်သွားအောင်အတတ်နိုင်ဆုံးကြိုးစားနေပေမယ့် ခေါင်းထဲမှာဖြစ်ပါ့မလား မုန်းသွားရင်ဘယ်လိုလုပ်မလဲ ဖွင့်မပြောဘဲဒီအတိုင်းနေလိုက်ရမလား ဆိုတဲ့မေးခွန်းများစွာနဲ့ လူကစိတ်မောနေရတယ် သက်ပြင်းတွေချမိနေတာလဲအကြိမ်ကြိမ်ပဲ နားထဲမှာbaekhyun hyung ရဲ့ 'Luhan hyung လက်ခံမှာပါ' ဆိုတဲ့စကားလေးကြောင့်အနည်းငယ်အားတတ်မိပေမယ့် Lu စိတ်ကိုကျွန်တော်တိတိကျကျမခန့်မှန်းရဲ ကျွန်တော်တယောက်ထဲအခုလိုခံစားနေရတာဆိုရင်ဘယ်လိုလုပ်မလဲ

"ဟင်းးးးးးး"

"ဘာလို့သက်ပြင်းတွေချနေတာလဲ?"

"အမလေးး"

ကိုယ့်အတွေးနဲ့ကိုယ်ယောက်ယက်ခတ်ရင်း စိတ်မောစွာသက်ပြင်းအချ ရုတ်တရက်ကြီးကြားလိုက်ရတဲ့ Lu အသံကြောင့် လူကလန့်သွားတယ် သူခိုးလူမိတယ် ဆိုတာဒါမျိုးထင်တယ်

"ဘာလို့ဒီလောက်တောင်လန့်သွားတာလဲ"

"ဟီးး ဒီလိုပဲ"

အတတ်နိုင်ဆုံးမျက်နှာချိုသွေးပြီးပြန်ဖြေလိုက်ရတယ် ကြိုတင်စဉ်းစားနေတာတွေတောင်ဘယ်ရောက်သွားလဲမသိ Lu မျက်နှာမြင်တာနဲ့အကုန်မေ့တာပဲ ဘယ်ကစလို့ဘာပြောရပါ့မလဲ?

"ဘာတွေစဉ်းစားနေပြန်ပြီလဲ"

"ဟင် ဘာ ဘာမှမစဉ်းစားပါဘူး"

"အဲဒါဆိုဘာလို့မျက်တောင်မခတ်တန်းကြည့်နေရတာလဲ"

ခက်ပါပြီဗျာ Lu ရှေ့မှာတချက်ကလေးမှအမူအရာပျက်လို့မဖြစ်တာကို ခုတော့မသကာင်္သလိုဟိုကကြည့်နေပြီ မဟုတ်တာလုပ်မယ့်လူလိုပဲ Oh Sehun ပုံမှန်အတိုင်းနေစမ်း။ကိုယ့်ကိုကိုယ်ပြန်ထိန်းပြီး အခုတော့ Lu ကိုစွပ်ပြုတ်တိုက်ဖို့လုပ်ရမယ်

"ဒီမှာ Yeol hyung ယူလာတာ စွပ်ပြုတ် Lu အတွက်"

"အားနာစရာကြီး Hun ရယ် Chanyeol အလုပ်ရှုပ်အောင်"

"အားနာမနေနဲ့ အခုသောက်တော့"

ပြောပြောဆိုဆို စွတ်ပြုတ်ဘူးလေးဖွင့် Lu အသင့်စားဖို့ဇွန်းလေးတပ်ပေးလုပ်ပြီးမော့အကြည့် ကျွန်တော့်ကိုစူးစိုက်ကြည့်နေတဲ့ Lu မျက်ဝန်းတွေနဲ့ဆုံတော့ အချိန်မှန်ခုန်တဲ့နှလုံးသားကအချက်ပေးပြန်တယ် Lu ရယ်ကျွန်တော့်ကိုအသေများသတ်နေသလားပဲ။

RECTANGLEHikayelerin yaşadığı yer. Şimdi keşfedin