Chapter-7:A Real Battle Start

610 50 5
                                    


ကြီးမားလှသော အထပ်မြင့်
အ ဆောက် အဦကြီး။

ထို အ ဆောက် အဦမှာ စီးပွားရေးလောက
တွင် ဂုဏ်သတင်းမွှေးလှသော
PJ Company ပင်ဖြစ်သည်။

ထို Company ၏ မန်နေဂျင်း ရုံးခန်းတွင်
အမျိုးသမီးတစ်ယောက်။

Computer screen ကို ကြည့်လိုက်
စာရွက်စာတမ်းများကို ကြည့်လိုက်
Typing ရိုက်လိုက်နှင့် အလုပ် ရှုပ်နေ၏။

အချိန်မှာ ရုံးဆင်းချိန်ပင် ကျော်လေပြီ။

အတန်ကြာ အလုပ်များပြီးမှ ပြုံးရိပ်ယောင်
သန်းလာသော ထိုအမျိုးသမီး၏ မျက်နှာ။

ကျေနပ်သွားသောမျက်နှာ နှင့်
ထို အမျိုးသမီး ရုံးဆင်းချေပြီ။

ရုံးခန်းမှ သူမ ကားရှိရာ Parking lots
သို့ လှမ်းနေ သည်။

ကားစက်ကိုနှိုးကာ အိမ် အပြန် လမ်းသို့
ကားခေါင်းကို ဦးတည်လိုက်သည်။

ထိုကားလေးက Hustle Life ကွန်ဒို
အိမ် ရှိ Car parking တွင် ရပ်သွားသည်။

......ခြေလှမ်းများက Elevatorဆီသို့......

" ချလောက်" <<တံခါးဖွင့်သံ>>

"Aww Noona ပြန်ပြီလား"
"Noona အမြဲတမ်းအိမ်ပြန်နောက်ကျ
တယ်နော်"

"........." မောပန်းလွန်း၍ဘာတစ်ခွန်းမှ
ပြန်မဆိုနိုင် ဘဲ ဧည့်ခန်းထဲရှိ Sofa ပေါ်
တွင် ပစ်ထိုင် ချ လိုက်သည်။

ဘေးကို ကြည့်လိုက်တော့ အငယ်ကောင်
Kim Tae Hyung။

သူ့ အစ်မပြန်လာတာတောင် နှုတ်ဆက်
ဖော် မရ ဘဲ Tablet ထဲ က Car Race
Game ကို သာ အသည်းအသန်ကစားနေ
သည်။

သောက်မြင် ကတ်ကတ်နဲ့ ခြေ ထောက်နဲ့
တစ်ချက်လှမ်းကန် လိုက်သည်။

""Aishh!!! Noona!!""
"Noona လုပ်လို့ ဒီမှာ ရှုံးပြီဗျ"

"Awww နင် ကိုယ့်အမ ကိုတော့ မှတ်မိ
သေးးသားပဲနော် "

"ရော့ Noona ဒီမှာ အ မောပြေ ရေ အေး
လေးသောက် လိုက်ပါဦး"

NamJoon က ရေ အေးတစ်ခွက် ကမ်း
ပေးကာဆို၏။

" ^_^ Imm Gomowow, Wuri Joon
လေးကမှ အလိုက်သိတာ ^_^ "

"Noona အဝတ် အမြန်လဲလိုက်တော့
ထမင်းစားရ အောင် အကုန်ကျက်ပြီ"

အမုန်းရွက်ဝါWhere stories live. Discover now