•••Please do not come in my life because I'm bug...•••
«Park Yeollie's point of view..»
"Anyeong~~~"
ကျနော်ညာလက်ထောင်ပြီး နှုတ်ဆက်လိုက်တော့ baekhyunက မျက်လုံးလေးအ၀ိုင်းသားနဲ့ ကြောင်ကြည့်နေ ရှာတယ်...
ကျနော်လည်း မျက်ခုံးပင့်ပြလိုက်ပြီး လက်လေးရမ်းပြလိုက်တော့....
သူက မျက်စောင်းမမည်တဲ့ မျက်စောင်းလေးထိုးပြီး တရားဟောစင်ပေါ်ကို အကြည့်လွှဲသွားတယ်....
Ahuk...ဘာလဲ..လျစ်လျူရှုတယ်ပေါ့..။
"ကိုယ့်ကို မမှတ်မိဘူးလား??ဟိုး~~~တခေါက်တုန်းက mini martရှေ့မှာ ပြဿနာဖြစ်ဘူးတယ်လေ..မှတ်မိလား??"
ကျနော်သက်သက်မဲ့ ကျနော့်ကိုယ်ကျနော် "ကိုယ်"လို့ နာမ်စားတပ်သုံးလိုက်ပေမယ့် ဘယ်လိုကောင်ပါလိမ့်??ခုထက်ထိ ဘယ်သူမှ ရှိမနေတဲ့ စင်ပေါ်ကို သူတယောက်တည်း ဂျိုပေါက်ပြီး ဖာသာကိုမြင်နေရတဲ့ ပုံစံနဲ့ထိုင်ကြည့်နေတာ..
ဒီလောက်နဲ့ လက်လျှော့တတ်တယ်ဆိုရင် Park Chanyeolဘယ်ဟုတ်တော့မလဲ???
ကျနော် ချောင်းတချက်ဟန့်လိုက်ပြီး...
"အဲ့တော့..ကိုယ်ပြောချင်တာကလေ...အဲ့နေ့က ကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်လို့..၊တကယ်တော့ အဲ့နေ့က ကိုယ်စိတ်ညစ်နေလို့ပါ..၊ကိုယ့်အမေနဲ့ စကားများလာတာလေ..."
ကျနော့်စကားဆုံးတော့ မျက်ဝန်းနက်လေး တစုံကကျနော့်ဆီမဖိတ်ခေါ်ထားသေးဘဲ ချက်ချင်း ရောက်ချလာတယ်..
"အဲ့ဒါ ကိုယ်တောင်းပန်ပါတယ်နော်.။ကိုယ်လွန်သွားမှန်း သိလို့ နောက်ရက်တွေကျတော့ မင်းကို အဲ့ဆိုင်လေးရှေ့မှာ လာလာစောင့်နေသေးတယ်."
မျက်ခုံးတစုံက မသိမသာတွန့်သွားတာမြင်လိုက်ရတော့ ကျနော်ခပ်သာသာပြုံးလိုက်ပြီး....
"ဒါမယ့် မတွေ့ရဘူးလေ.။တနေ့ကိုယ်လည်း ဘုရားကျောင်းလာတက်တော့မှ မမျှော်လင့်ဘဲ မင်းကိုတွေ့လို့...နောက်ပိုင်းဒီကိုပဲလာတက်တော့တာ..တကယ်တော့ ဒါကိုယ့်လာတက်နေကြကျောင်းမဟုတ်ဘူး.."
YOU ARE READING
BUG(Chanbaek/Krisbaek-yaoi)
FanfictionWritten by-kyalsin92 ---နာမည်က baekhyunတဲ့လား...။ငါ့ရဲ့ ငွေတွင်းလေး... (Chanyeol...) ---အဲ့ကောင်လေးက Kelvin Krisရဲ့ ယောက်ျားလေ..စကားမပြောတတ်ဘူးတဲ့. (Sehun...) ---baekhyunလေး ကိုယ့်ကို ချစ်ရင် ဒါလေးတော့ စားလိုက်နော်..baek.. ...ကျ...