Bug<5>

5.5K 585 59
                                    

___•••Please do not come in my life because I am Bug•••___

(Kelvin Kris's point of view..)

"ကိုယ် မနက်ဖြန် ညနေflightနဲ့ ဂျပန်သွားစရာရှိတယ်..။"

ကျနော့်စကားကြောင့် ကျနော့်ကုတ်အင်္ကျီအမည်းကို ဘီရိုထဲချိတ်နဲ့ထည့်သိမ်းနေတဲ့ သူ့လက်ဖွေးဖွေးလေးတွေက တုန့်ကနဲရပ်သွားတယ်...

ဒါမယ့်လည်း ခဏပါပဲ..။ပြီးတော့လည်း သူလုပ်စရာရှိတာသာ ဆက်လုပ်နေတဲ့ Hyuneeကို ကျနော်နားမလည်...

သူဘာလို့စကားမပြောတာလဲ??ကျနော်တို့ မိသားစုက ခေါ်မွေးစားထားတာ ၁၈နှစ်ရှိနေပြီဖြစ်ပေမယ့် စကားတလုံးမှမပြောသေး...။

ခုလည်း ကျနော် ဂျပန်သွားရမယ်ပြောတာကို နည်းနည်းလေးတောင်မမေး...။

ထားပါလေ သူမှ စကားမပြောပဲ..ဘယ်မေးနိုင်ပါ့မလဲ??ဒါမယ့် တခါတလေတော့လည်း ကျနော်သိချင်သား..

ခုလိုမျိုး ကျနော့်အလုပ်ကိစ္စအကြောင်းပြောရင် သူရဲ့တုန့်ပြန်စကားလေးတွေကို ကျနော်နားထောင်ချင်မိပါတယ်...

--ဘယ်နှရက်ကြာမှာလဲ??ကျနော်ရောလိုက်ခဲ့ချင်တယ်။ဘာကိစ္စကြောင့် သွားရတာလဲ??တယောက်တည်းသွားမှာလား??--

ဆိုပြီးပဲ သူလေး မေးလာလေမလား???

ဟင်း~~~အရမ်းသိချင်မိပါရဲ့..။

ရှေ့တည့်တည့်မှာ လာရပ်ပြီး ကျနော့်necktieကို လာဖြုတ်ပေးနေတဲ့ hyuneeလေးက အရမ်းချစ်ဖို့ကောင်းပါတယ်..

ဖြုတ်မရဘဲ ကျပ်နေတဲ့ necktieကို အတင်းဖြုတ်နေရင်း အလိုမကျဟန်နဲ့ ဆူလာတဲ့ နီရဲရဲ နှုတ်ခမ်းပါးလေးတစုံကို ကျနော်ရင်ခုန်ခုန်နဲ့ငေးနေမိတယ်...။

သူ့လက်ထဲ necktieလေးပါသွားတော့ ကျေနပ်အားရစွာနဲ့ မဆိုသလောက်လေး ပြုံးလိုက်တဲ့ နှုတ်ခမ်းပါးလေးကို ကျနော်စိတ်မထိန်းနိုင်တော့ဘဲ တရှိုက်မက်မက် နမ်းမိလိုက်တယ်...

Hyuneeလက်ထဲက necktieလေး အောက်ပြုတ်ကျသွားသလို ကျနော်သည်လည်း သူ့ကိုယ်လေးကို ဆွေ့ကနဲ ပွေ့ချီရင်း ကျနော်တို့နှစ်ယောက်အိပ်ကုတင်ကြီးဆီ ခေါ်ဆောင်သွားလိုက်ပြီး......

အဲ့နေ့ညကို သူနဲ့ကျနော့်ရဲ့ အပြာရောင်အချစ်ညလေးအဖြစ် ကျနော်တည်ဆောက်ပေးခဲ့တယ်....

BUG(Chanbaek/Krisbaek-yaoi)Where stories live. Discover now