Bug<3>

5.1K 579 13
                                    

<<kelvin kris's point of view>>

န​ဘေးနားရပ်​ပြီး ​ရေ​အေးတခွက်​ ကမ်း​နေတဲ့ ထမင်းချက်​အန်​တီကြီး လက်​ထဲက ခွက်​ကို ယူပြီးအသာ​မော့​သောက်​လိုက်​ရင်း ကျ​နော့်​မျက်​လုံး​တွေက ​လှေကားရင်းကို အလိုမကျဟန်​နဲ့ ကြည့်​​နေမိတယ်​...

အရင်​ကဆို ကျ​နော်​ပြန်​အလာကို ​လှေကားရင်းမှာငုတ်​တုပ်​ထိုင်​ ​လှေကားလက်​ရန်းကို ​ခေါင်း​လေးမှီပြီး ထိုင်​​စောင့်​တတ်​​တဲ့ ​ကောင်​​လေးက ဘယ်​​ရောက်​​နေရတာလဲ??

အရင်​​နေ့တိုင်း ​တွေ့​နေရတတ်​​ပေမယ့်​ ထူးဆန်းစွာနဲ့ ဒီ​နေ့မ​တွေ့ရ..။ပြောရရင်​ ကျ​နော်​ကုမ္ပဏီက ပြန်​လာတိုင်း ​စောင့်​ကြိုဖို့ ကျ​နော်​baekhyuneeကို လွန်​ခဲ့တဲ့၆နှစ်​ကတည်းက ​ပြောခဲ့တာပါ..ကျ​နော့်​စကားအတိုင်း သူ၆နှစ်​လုံးလုံး ကျ​နော့်​အိမ်​အပြန်​ခရီးကို အ​မော​ပြေ​အောင်​ လုပ်​​ပေးစမြဲပါ...၊ဒီ​နေ့က​တော့ ၆နှစ်​အတွင်းမှာ ပထမဆုံးအကြိမ်​ပျက်​ကွက်​ခြင်းပါပဲ..

ဒီအတွက်​ ကျ​နော်​မ​ကျေနပ်​..။နေမ​ကောင်း​တောင်​ ဆင်း​စောင့်​​နေတတ်​တဲ့ က​လေးက အခုဘာလို့...

လက်​ထဲက ​ရေခွက်​ကို အန်​တီကြီးဆီ ပြန်​​ပေးရင်း...

"Baekhyunee​ရော??"

"အကို​လေးက အိပ်​​ပျော်​​နေပါတယ်​.."

ဟင်​..အိပ်​​နေ​တယ်​..အရင်​က ဒီချိန်​ဆို မအိပ်​တတ်​တဲ့ က​လေးက ခုအိပ်​​နေတယ်​ဆို​တော့....

\\​နေမ​ကောင်းဘူးလား...//

စိုးရိမ်​စိတ်​နဲ့အတူ ကျ​နော်​အ​ပေါ်ထပ်​က ကျ​နော်​တို့အခန်းထဲ အမြန်​​ပြေးဝင်​လာ​တော့..

ကုတင်​ထက်​မှာ ​ကွေး​ကွေး​လေး အိပ်​​နေတဲ့ ကျ​နော့်​ရပ်​တည်​မှု​လေး baekhyunee..

ကုတင်​​ဘေးအသာဝင်​ထိုင်​လိုက်​ရင်း နဖူး​ပေါ်ကျ​နော့်​လက်​တင်​ကြည့်​​တော့...

တော်​​သေးတာ​ပေါ့..ပုံမှန်​တိုင်းပါပဲ..။နဖူးစပ်​က ဆံသားအချို့ကို ပွတ်​​ပေးလိုက်​​တော့ မသိမသာတွန့်​သွားတဲ့ မျက်​လုံးစပ်​​လေး...

BUG(Chanbaek/Krisbaek-yaoi)Where stories live. Discover now