___••• Please do not come in my life because I am BUG___•••
<<Kelvin's point of view>>
ဆင်ဝင်အောက်ထဲ ကားကိုအကြမ်းပတမ်း ထိုးသွင်းလိုက်ပြီး အမြန်အိမ်ထဲပြေးဝင်လာမိတော့....
"ဥက္ကဌကြီး..."
ဧည့်ခန်းထဲမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျနော် တုန်လှုပ်စွာ ရပ်တန့်သွားမိတယ်...။
ဧည့်ခန်းထဲမှာထိုင်နေတဲ့ Driver.Kyulရဲ့ ခေါင်းကိုဆေးထည့်ပြီး ပတ်တီးစည်းပေးနေတဲ့ ထမင်းချက်အန်တီကြီး...၊driver kyulအင်္ကျီပေါ်မှာလည်း သွေးတွေက ဟိုတစက်ဒီတကွက်.
"ဘယ်လိုဖြစ်ကြတာလဲ??"စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီး ကျွန်တော် မေးလိုက်တော့ kyulက သူ့ခေါင်းသူအသာထိကြည့်လိုက်ပြီး...
"အ..အကိုလေးက ဆေးပန်းကန်နဲ့ပေါက်လိုက်တာပါ.."
ဆေးတိုက်ဖို့ထည့်ပေးလိုက်တဲ့ ကြွေပန်းကန်လေးရဲ့ အလေးချိန်ကို ကျွန်တော်သိသည်...။ခေါင်းပေါက်တန်ပေါက်နိုင်ကောင်းပါရဲ့...။သို့သော်..Baekhyuneeက အနေအေးတဲ့ကောင်လေးတယောက်ပါ..ဒီလိုလုပ်ရပ်မျိုးတွေ သူလုပ်လိမ့်မည်မဟုတ်...
"သူလုပ်တာသေချာလား??"
အို..ကျွန်တော်ဟာ တစ်ကိုယ်ကောင်သမားလား..မကောင်းတဲ့သူဌေးတစ်ယောက်လား..မသိတော့..ဒီချိန်မှာ ဘယ်အရာကိုမှ ကျနော်မယုံသေးတာ..
"ဥက္ကဌကြီးရယ်..ကျနော်က မဟုတ်ဘဲနဲ့ အကိုလေးကို အပြစ်လွှဲချပါ့မလား..ကျနော် မလုပ်ဝံ့ပါဘူး..ကျနော် အကိုလေးကို ဂရုစိုက်ချစ်တာလည်း ဥက္ကဌကြီး သိသားနဲ့ဗျာ."
မျက်နှာငယ်လေးနဲ့ ယူကြုံးမရပြောလာတဲ့ Kyulကြောင့် ကျနော် သက်ပြင်းချလိုက်မိပြီး...
"Sorryပါ Kyul..ငါလည်း ရုတ်တရက်ဆိုတော့..အံ့သြပြီးမယုံနိုင်ဖြစ်သွားလို့ပါ..ဒါနဲ့..အခု သူရော?"
"အခန်းထဲမှာပါ..ကျမတို့ကို ပစ္စည်းတွေနဲ့အကုန်ပေါက်ထုတ်နေတာနဲ့ ကြောက်...ကြောက်လို့ပါ.."
YOU ARE READING
BUG(Chanbaek/Krisbaek-yaoi)
FanfictionWritten by-kyalsin92 ---နာမည်က baekhyunတဲ့လား...။ငါ့ရဲ့ ငွေတွင်းလေး... (Chanyeol...) ---အဲ့ကောင်လေးက Kelvin Krisရဲ့ ယောက်ျားလေ..စကားမပြောတတ်ဘူးတဲ့. (Sehun...) ---baekhyunလေး ကိုယ့်ကို ချစ်ရင် ဒါလေးတော့ စားလိုက်နော်..baek.. ...ကျ...