အပိုင်း - ၅

3.3K 434 61
                                    

"ရိုက်ကွင်းနေရာရှာပြီးလို့ စီစဉ်ပြီးရင် ပြီးပြီးချင်း ပြေစာတောင်းထားပါလို့ ဘယ်နှစ်ခါပြောရမှာလဲ"

စိတ်တိုသည့်အရိပ်အယောင် စကားတစ်ခွန်းမှမပါသော်လည်း စိတ်ပျက်ဟန်နှင့် ခပ်တိုးတိုး အေးတိအေးစက် ပြောလိုက်သော မင်ဆော့စကားကြောင့် ကြက်သီးတွေထသွားသော အငယ်ကောင်က ထိုင်တော့မလို ထတော့မလိုလုပ်ရင်း စာရင်းစာအုပ်ကို ပြန်လှန်လှောကြည့်နေသည်။

"အဲဒါ... ကျွန်တော် တောင်းထားတယ်... ဒီမှာ သေချာညှပ်ထားရဲ့သားနဲ့... ဘယ်ရောက်သွား..."

"ဟိုနားညှပ် ဒီနားညှပ်မလုပ်ပါနဲ့လို့ရော ဘယ်နှစ်ခါပြောရမှာလဲ... သေချာသိမ်းထားပါ ဒီလောက်မှာထားရက်နဲ့"

"ဟို... ကျွန်တော် အဲ့နေ့က အာရုံတွေများပြီး..."

"ပြေစာပျောက်သွားရင် နေရာငှားခကို ငါတို့အငယ်လေးက လခထဲကနေ စိုက်ထုတ်ပေးမယ်နဲ့တူတယ် ဟုတ်လား... အိမ်မှာ ပိုက်ဆံတွေပေါလွန်းတော့ ရုံးကို အပျင်းပြေ လာလုပ်တာမဟုတ်လား ဟင်"

ကျွန်တော်... တောင်းပန်ပါတယ်... အငယ်ကောင်က တစ်စက်ကလေးမှ အားမရှိတော့သံဖြင့် အပြစ်ကိုဝန်ခံရင်း နေရာတွင် ကျုံ့ကျုံ့လေးပြန်ထိုင်ချလိုက်သည်။ အဲယားကွန်းကို စိမ့်နေအောင် ဖွင့်ထားသော အစည်းအဝေးခန်းထဲတွင် အငယ်ကောင်တစ်ယောက် ချွေးစေးတွေပြန်နေခဲ့သည်။ ရူဟန်နှင့်မတူ မင်ဆော့သည် ဟိုအကောင် ဒီအကောင် အော်ဟစ်ရင်း မဆူပူတတ်။ တော်ရုံနှင့်လည်း အောက်ကလူတွေကို အပြစ်မပြော။ သို့သော် စိတ်တိုလွန်းလို့ ပြောပြီဆိုလျှင်တော့ လေပြည်လေးနှင့် နားထောင်ရသည့်လူ ကြက်သီးဖျန်းဖျန်းထအောင် အပြစ်ကိုထောက်ထောက်ပြတတ်သောကြောင့် မင်ဆော့စိတ်တိုမည်ကို ကျားမြီးပြေးဆွဲရသည်ထက် ကြောက်ကြသော ဝန်ထမ်းများဖြစ်သည်။ လောလောဆယ်တော့ စိတ်တိုဖို့ အားပင်မရှိတော့ဟန်နှင့် စာရင်းစာအုပ်ကိုဆွဲယူရင်း ပြေစာကိုလှန်ရှာကြည့်နေသော မင်ဆော့က နောက်ဆုံးတော့ လက်လျှော့လိုက်ဟန်ဖြင့် နောက်ခေါင်းစဉ်တစ်ခုသို့ ပြောင်းလိုက်သည်။ ဟယ်လီကမ် ပြင်ထားတာရော ရပြီတဲ့လား... ဘယ်သူ့ကိုမှ မကြည့်ဘဲ ခပ်တိုးတိုးမေးသောအခါ ချန်းယော်လ်က မင်ဆော့အရိပ်အကဲကို တစ်ချက်ကြည့်၍ စာရွက်တစ်ရွက်ကို ရှေ့သို့ထိုးပေးလိုက်သည်။

နှံ နွံWhere stories live. Discover now