Unconditionally.......

3.6K 524 33
                                    

Luhan သည်.... လိုက်မမှီနိုင်သော... အခြေအနေ တစ်ခုအား... ငြိမ်သက် ကြောင်အလျက် ငေးကြည့်နေမိသည်.... ။ သူ့အရှေ့မှ လူသည်လည်း ထိုနည်း လည်းကောင်း ...  ။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည့်အခါ...  သူ နည်းနည်းမှ မရင်းနှီးသည့်.... ပတ်ဝန်းကျင်.... ။ Luhan သည် နောက်ထပ် တစ်ဖန် ယောင်ယမ်းပြီး ..  ထိုလူကို မော့ကြည့်မိပြန်သည်...  ။ ရုတ်တရက်... မူမမှန်သော တစ်စုံတစ်ခုက... ။

( အိုး... သေလိုက်ပါတော့...  ဘာကိစ္စနဲ့ ငါက ဒီလို ... )

သူ့ ခန္တာကိုယ်အား...ထွေးပွေ့ထားသည့်...လက်များမှ.. ရုန်းဖယ်ပြီး... သူ ကပျာကယာ ထရပ်လိုက်သည်... ။ ထိုအခါမှ... အရှေ့မှ လူသည်လည်း... အသိပြန်ဝင်လာဟန်ဖြင့်....  ။

" ဟို.... ကိုယ် .. ဘယ်လိုရှင်းပြရ.... "

ထစ် အနေသော စကားသံတို့အစား..  Luhan သည်..
သည်မျက်နှာအား... သိပ်ကို ရင်းနှီးနေသည်.... ။
ဖျတ်ခနဲပေါ်လာသော... ဟောပြောပွဲခန်းမထဲမှ..... ။

" ခင်ဗျား... အဲ..  ပါ...ပါမောက္ခ ..  နာမည် ဘယ်သူပါလိမ့်... ဟုတ်တယ်မလား.. နေ့လည်က ဟောပြောပွဲမှာလေ... "

Luhan သည်... သူ့အား..မှတ်မိသွားသည့်အခါ... ပို၍ ကြောင်တောင်တောင် ဖြစ်သွားသည်... ။ ညဦးပိုင်းကပင် သူ့ကုတင် သူ့အိမ်တွင် အိပ်နေခဲ့သည့် သူက .. ဘာကိစ္စ သည်ပါမောက္ခအိမ် ရောက်နေရပါလိမ့်... ။

" မင်း... ကိုယ့်ကို မှတ်မိတယ်လား... ဟုတ်ပြီ... စိတ်အေးအေးထားနော်... ကိုယ် မင်းကို အန္တရာယ်မပေးပါဘူး...  "

ခုနကလောက်...  စိတ်လှုပ်ရှားနေပုံမရတော့သည့် ထိုလူသည်... Luhan အား.... ဧည့်ခန်းတွင် ထိုင်စေသည်... ။ ထို့နောက်... အနောက်သို့ ဝင်သွားပြီး... ရေတစ်ခွက်ဖြင့် ပြန်ထွက်လာကာ... သူ့ဆီ ကမ်းပေးသည်..။ Luhan သည် ထိုရေအား.. သောက်ရန် မသောက်ရန် ချိန်ဆနေသည့်အခါ... ထိုလူက သဘောပေါက်သွားပုံရပြီး... ရေခွက်အား ပြန်ယူသွားကာ.. ပါကင်ပိတ်ထားသော...ရေဘူး အသစ်တစ်ဘူးဖြင့် ပြန်လာလဲပေးသည်... ။

ထိုလူသည်... Luhan နဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း... လေပူတစ်ချို့ မှုတ်ထုတ်ကာ... သူ့အား
တည့်တည့် စိုက်ကြည့်သည်...  ။
Luhan သည်... ထို မျက်လုံးများ အောက်တွင်... အနည်းငယ် အနေကျုံ့သွားသလိုမျိုး....။

Unconditionally.......Nơi câu chuyện tồn tại. Hãy khám phá bây giờ