ဆေးရုံဝင်းထဲက ကော်ဖီဆိုင်ထဲ ကျွန်တော်တို့ နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေပြီး... စကားတစ်ခွန်းမှ မပြောဖြစ်သေး... ။ တကယ်တမ်း... ယောက်ျားလေး နှစ်ယောက် တွဲကြပြီဆိုတာမျိုးက... ခပ်ကြောင်ကြောင် ဖြစ်နေသလိုမျိုး... ။ ဘာရယ် ညာရယ်လို့လဲ ပြောစရာ
တီတီတာတာ မရှိ...။ အကယ်၍ ရှိခဲ့လျှင်လဲ.. ပြောသင့်သည့် အခြေအနေမျိုးတော့ မဟုတ်...။
ကျွန်တော်တို့ရဲ့ ပထမဆုံး Date က ဆေးရုံဝင်းထဲက ကော်ဖီဆိုင်ဖြစ်နေသည့်အကြောင်း တွေးမိတော့.. ဘာရယ်မဟုတ် ပြုံးမိသွားသည်... ။" ဘာပြုံးနေတာလဲ... "
" ဩော်... ကျွန်တော်တို့ Date က ဆေးရုံမှာဆိုတာ..
တွေးမိသွားလို့ပါ.. "သူလဲ ပြုံးလိုက်သလိုပါပဲ.. ။ သို့သော် မသက်မသာ အပြုံးမျိုး.... ။ ကျွန်တော် စကားမှားသွားမှန်း... အခုမှ သဘောပေါက်သွားသည်...။သူစိတ်မကောင်းဖြစ်သွားနိုင်
မည့် စကားအသွားအလာမျိုးကို ကျွန်တော် ရှောင်တိမ်းသင့်သည် မဟုတ်ဘူးလား... ။" Sorry .. ကျွန်တော်က တစ်ခြား သဘောနဲ့ ပြောတာ မဟုတ်ပါဘူး.. ဒီအတိုင်း မရည်ရွယ်-- "
" ကိုယ် သိပါတယ်... ဘာဖြစ်လို့ ကိုယ့် အရိပ်အကဲပဲ လိုက်ကြည့်ပြီး ဘာမဆို လိုက်ဖြေရှင်းနေရတာလဲဟင်... "
ဒီမေးခွန်းကို ကျွန်တော်က ဖြေရဦးမည်လား...။
နားလည်စမ်းပါ... ကျွန်တော်က ခင်ဗျားဘက်ခြမ်းက ၁၂ရာသီတိုင်းကို အမြဲ ကြည်လင်စေချင်နေတဲ့ ကောင်ဆိုတာ...။" ဘာမှလဲ ပြန်မဖြေဘူး... ထားပါတော့... May ကို နောက် အပါတ်ထဲ..... "
သူ ဆက်မပြောနိုင်သည့် အဓိပ္ပါယ်အား.. ကျွန်တော် ပြည့်စုံစွာ နားလည်ပါသည်.. ။ သူ့ မျက်ဝန်းများထဲ ဖျတ်ခနဲ ကြည့်ပြီး အရှေ့က ကော်ဖီခွက်ထဲသို့ အကြည့်လွှဲလိုက်မိသည်... ။ ခဏလေး မြင်လိုက်ရသည့်
ထို မျက်ဝန်း မှိုင်းမှိုင်းများ.... ။မကြာခင် လူ့လောကထဲက တရားဝင်နှုတ်ထွက်သွားရတော့မည့် ... လူနာတစ်ယောက်ကို သည်လောက်တော့ ကျွန်တော်
သဘောထားကြီးပေးသင့်တယ် မဟုတ်လား... ။
သို့သော်.. ကျွန်တော် ရုတ်တရက် စိတ်ကျဉ်းကျပ်သွားသည်.... ။
KAMU SEDANG MEMBACA
Unconditionally.......
Fiksi Penggemarနှလုံးသားမပါပဲ.... ဗလာအခွံသက်သက်နဲ့.. ကျွန်တော် ... ခင်ဗျားကို ချစ်ပြနိုင်ပါတယ်....