Unconditionally.......

5.1K 562 37
                                    

မြူတွေ ဆိုင်းနေသလိုမျိုး..... သဲကွဲသေချာမှု မရှိသည့် ဧရိယာတစ်ခုအတွင်း.. သူ ရောက်နေခဲ့သည်... ။ ခြေဦးတည့်ရာ  တစ်နေရာရာကို ဦးတည်ပစ်လိုက်ဖို့ လမ်းစပင် မရှိ... ။

မျှော်လင့်ချက်မဲ့ခြင်းဟာ.. သည်လို အနေအထားမျိုးပဲလား..။

လေးပင်သော.. သက်ပြင်းတစ်ခု၏ အဆုံးတွင်.. အသံ သဲ့သဲ့.... ။ မည်သည့် အရပ်က လာပါသလဲ.. ။

သူ့ အရှေ့ မလှမ်းမကမ်းမှ တဖြည်းဖြည်း ကွဲလာသည့်. မြူမှုန်များအကြား...  လူတစ်ယောက် နောက်ကျောပေးလျက်...လမ်းလျှောက်နေခဲ့သည်... ။

လှမ်း၍ အော်ခေါ်ရန် ကြားနိုင်သည့် အကွာအဝေးတွင်..
သူ့အား.. လျစ်လျုရှုနေသည့် ထို လူဆီ ပြေးသွားရန်.. ခြေလှမ်း စလိုက်မိသည်... ။

ပထမဆုံးသော သူ့ခြေလှမ်းအစသည်.. ချောက်ကမ်းပါးစပ်၌... ။ ထိန်းချုပ်ရန် မတတ်နိုင်တော့သည့် ခြေလှမ်းနောက်တစ်လှမ်း အဆုံးတွင်...... ။

အေးခနဲ ဖြစ်သွားသည့် နောက်ဆုံး အသိတစ်ခုကတော့..
ချောက် တစ်ခုအတွင်း.. တစ်ရှိန်ထိုး... ဦးတည်လျက်...။

ဗြုန်းခနဲ... Luhan လန့်နိုးလာခဲ့သည်.... ။.. ချွေးများ စိုရွဲလျက်...။

နိမ့်ချည် မြင့်ချည် မောဟိုက်နေသော ရင်ဘတ်အစုံအား.. တည်ငြိမ်သွားစေရန် လက်ဖြင့် အနည်းငယ် ဖိထားမိသည်..။

ဘယ်လို ကြောင်တောင်တောင် အိပ်မက်မျိုးပါလိမ့်... ။

ညက လိုက်ကာ ပိတ်ရန် မေ့သွားခဲ့သည့်... ပြတင်းပေါက်များမှ နေရောင်စူးစူးတို့သည်.. သူ့ဆီသို့ အပြိုင်အဆိုင် ကျရောက်လာကြသည်... ။

အိပ်ယာ ထဖို့ သင့်ပြီ... ။ အခုချိန်မှ မထရင်.. မေမေ လာအော်တော့မှာပဲ ဟု သတိရပြီး.. သူ ခပ်မြန်မြန်ပင် စောင်ကို ဆွဲယူ ခေါက်လိုက်ပြီး...
ရေချိုးခန်းအတွင်း ဝင်ခဲ့သည်... ။

မှန်ထဲရှိ ကိုယ့်ပုံရိပ်ကို စိုက်ကြည့်နေရင်း... အိပ်ရေးမဝသလို... ခံစားနေရသည့်အခါ... သူ ထူးဆန်းနေသည်... ။

ညက အိပ်ရာဝင်ခဲ့သည့် အချိန်ဟာ.. နောက်မကျသေးဘူး မဟုတ်ဘူးလား... ။

Unconditionally.......Donde viven las historias. Descúbrelo ahora