~​ညောင်​~

7K 530 58
                                    

"လုပ်​ထားစမ်းပါ.. Oh Sehun ရယ်​...တစ်​နှစ်​ပဲ..
ပြီးရင်​လွတ်​လပ်​ပြီ.."

တစ်​နှစ်​က​နေ ဆယ့်​တစ်​လ...

ဆယ်​လ..ကိုးလ..ရှစ်​လ..​ခုနစ်​လ..ငါးလ..​လေးလ..
သုံးလ..နှစ်​လ..တစ်​လ...

တစ်​ပတ်​...အမ်​...တစ်​ရက်​..

မနက်​ဖြန်​ငါလွတ်​လပ်​ပြီ....

အဲ့စိတ်​နဲ့ကြိုးစားခဲ့တာ​လေ...အထက်​တန်းနောက်​ဆူံးနှစ်​ တက္ကသိုလ်​ဝင်​ခွင့်​စာ​မေးပွဲကို..

မိဘ​တွေက တက္ကသိုလ်​​ကောင်း​ကောင်းရဖို့တွန်း
အား​ပေးခဲ့သလို သူကိုယ်​တိုင်​လည်းမိဘ​တွေတွန်း
အား​ပေးသလို​ရွေ့ခဲ့တယ်​...

စာ​မေးပွဲပြီးပြီးချင်း သူလိုချင်​တဲ့ Freedom မရခဲ့ပါဘူး​လေ..

မိဘ​တွေကဘာ​ပြောတယ်​မှတ်​လဲ..

တက္ကသိုလ်​တက်​မှလွတ်​လွတ်​လပ်​လပ်​​နေတဲ့..

Freedom ​လေးရဖို့ကို အုတ်​နံရံ​ပေါ်ကုတ်​တွယ်
တက်​​နေရတဲ့​ကြောင်​လိုဘာလို့ခက်​ခဲ​နေရတာလဲ..

ဒါ​ပေမယ့်​...​မျှော်​လင့်​ထားတဲ့​နေ့က.. Tomorrow
ဆိုရင်​​ရော...??..

"Yehet..Yehet...!!"

ပျော်​ရွှင်​မြူးထူးစွာ​အော်​လိုက်​တဲ့အသံ​ကြောင့်
ထမင်းစားပွဲ​ပေါ်ရှိ..

Oh ​ဖေ​ဖေ..

Oh ​မေ​မေ..

Oh SeMi တို့ရဲ့​ခေါင်းများက​လှေကားထစ်​မှဆင်း လာ​သော Sehunဆီသို့ စက်​ရုပ်​​ခေါင်း များကဲ့သို့လှည့်​လာ၏..

Sehun မျက်​လုံးများပိတ်​ကာ Eye smile ​လေးနဲ့
ပြုံးဖြီးပြလိုက်​​တော့ ကျန်​တဲ့သူ​တွေအကုန်​စားပွဲ​ပေါ်ရှိထမင်းပန်းကန်​​ဆီသို့အာရုံပြန်​​ရောက်​ကုန်​ကြ​လေသည်​..

Oh Semi က​တော့ နှုတ်​ဖျားမှတစ်​ခုခုကို​ရေရွတ်​လိုက်​​လေသည်​..

"Oppa က တကယ့်​အဘိုးကြီးအို​ပေါက်​စပဲ.."

Sehun ခါတိုင်းဆို ဒင်းနဲ့ဖက်​ကုတ်မိ​ပါလိမ့်​မည်​..

သို့​သော်​..ဒီ​နေ့မို့....ရှိ​စေ​တော့..

ဒီ​နေ့ဆိုတာ မ​နေ့ကမဟုတ်​...မ​နေ့ကရဲ့မနက်​ဖြန်​က
ဒီ​နေ့...

Oh Kitty And Kim BearHikayelerin yaşadığı yer. Şimdi keşfedin