Thanks kitty

3.2K 418 33
                                    

Oh Sehun's pov

"ဟင့်..အင့်.."

သူ့ရဲ့ခါးထပ်သို့လက်ကိုအသာတင်ကာဖြည်း
ဖြည်းချင်းမှေးစက်ကာငိုနေမိ၏...
ဘယ်ရယ်တော့မဟုတ်...ညာဖက်ခြမ်းက
နားစည်ထဲသို့ဝင်လာတဲ့သူရဲ့နှလုံးခုန်သံဟာ
သူ့ရဲ့ရင်ဖက်ထက်မှာကပ်နေတဲ့ ကျတော့်
ရဲ့မျက်နှာကိုမခွါလိုက်ပဲ ဆက်လက်ကပ်ထား
စေချင်စိတ်ကိုဖြစ်စေတယ်...

ထိုကြောင့် ငိုကြောကိုအလကားနေရင်းရှည်
နေမိတာပါ...မျက်ရည်တွေမထွက်တော့ပေ
မယ့် ရှိုက်သံတွေကြောင့်သူကကျတော့်ရဲ့
ကျောထက်ကိုလက်နဲ့ပုတ်ပေးနေဆဲ...
သူမှမမြင်တာ...တုံရင်နေတဲ့ကိုယ်လုံးကြောင့်သူငိုနေတယ်ပဲထင်လို့နေမယ်..

တော်တော်ကြာပါတယ်..သူကျတော့်ကို
ဖက်ထားတာ နာရီဝက်လောက်ရှိပြီ...

ရှိုက်သံရပ်မှာသူဖက်ထားတာလွှတ်ပေးမယ်
ထင်လို့..ငိုယိုလို့စိမ့်ထွက်လာတဲ့နှပ်ချီးတို့ကို
တရှုံရှုံလုပ်နေမိတယ်...

"Oh Sehun....ကောင်လေး..ခေါင်းကိုက်
နေတော့မယ်..တော်တော့..ကိုယ်အဲ့ထက်
မချော့တက်ဘူး.."

သူချော့တက်ပါတယ်...သူဖက်ပြီးရင်ခွင်
ထဲဆွဲသွင်းလိုက်ကတည်းကအငိုရပ်သွား
ခဲ့တာ...သူမှမသိတာ...

သူရင်ခွင်ထဲကထွက်လိုက်ပြီးသူ့မျက်နှာကိုစေ့
စေ့ကြည့်မိတယ်...

စကြည့်တာ ကိုယ်ပေမယ့် ထိုလူကြီးကလည်း
ပြန်ကြည့်လေရဲ့...သူ့ဆိုတာမျက်ဝန်းတို့က
စူးရှတဲ့အလျောက် ကျတော်ကပဲမျက်နှာ
ကိုအောက်ငုပ်လိုက်ပြီး လက်နှစ်ဖက်ကို
တစ်ဖက်နဲ့တစ်ဖက်ဆုတ်နယ်နေမိတယ်..

"မင်းရေချိုးသင့်ပြီ..."

ဘာမှမဆိုင်တဲ့စကားကိုပြောကာ သူကထပြီး
Notebook တွေစာရွက်စာတမ်းတွေကို
သိမ်းနေ၏..

Sehun သူ့ကိုသူပင်မသိုးမသန့်ဖြစ်လာကာ
ကိုယ့်​ကိုယ်​ကို အနံ့ရှုကြည့်၏...

ခုနကလည်း အာပုပ်စော်နံ့တယ်ဆိုပြီးတော့
တောင်ပြောသေးတာ အခုရော ခန္ဓာကိုယ်​က
ချဉ်စုတ်စုတ်အနံ့တွေဘာတွေထွက်နေပြီလား
မသိ...

"နမ်းကြည့်မနေနဲ့...ကိုယ်လုံးကမဟုတ်ဘူး.."

ပြူး​ကြောင်​​ကြောင်​နဲ့သူ့ကိုကြည့်လိုက်တော့
သူ့ခေါင်းကိုသုကိုင်ကာ...

Oh Kitty And Kim BearHikayelerin yaşadığı yer. Şimdi keşfedin