မွှေတော်မူ

3.1K 412 38
                                    

"တီ...တီ...!!"

"...  .."

ဟွန်းတီးသံတွေက ချောက်ထဲကိုတွန်းချနေ
သည့်အလား...
လောကကြီးထဲတွင် မသာမယာဖုံးလွမ်းနေ၏

ရှေ့တစ်ကွေ့ဆိုရောက်ပြီပဲ....အားတင်း
ထားစမ်းပါ...

ကိုယ့်ကိုကိုယ်အားတင်းသော်လည်း ထိုစိတ်
ရဲရဲဝင့်ဝင့်သည် ပေါက်လိုက်ပျောက်လိမ့်..

"ကားကိုလိပ်လိုနှေးအောင်မောင်းနေတာပဲ..
ဘယ်လိုလူလဲ..?"

"အလုပ်တွေ ရှိသေးတယ်ဗျ...ချီးပဲ.."

ဆဲရေးသွားတဲ့အသံတစ်ချို့နဲ့အ ပြစ်တင်သွား
တဲ့ အသံတစ်ချို့တို့ကို လျစ်လျူရှုရင်း
နှဖူးစပ်ကချွေးစက်တို့ကိုသာ အဖော်ပြုကာ
ရှေ့ဆက်ခဲ့၏..

"CEO nim..အဆင်ပြေရဲ့လား.."

ကားပါကင်ကနေ ကုမ္ပဏီကိုရောက်သော
တင်္ဂတ လူသည် ချွေးစအချို့နဲ့ မဝင့်မရဲပုံ
ပေါက်နေလေပြီ...

သတိထားမိတဲ့ ဝန်ထမ်းအချို့ကလာရောက်
မေးမြန်း ကြတော့ အပြုံးခပ်နွမ်းနွမ်းသာပေး
ရင်းလက်ပြကာ ကိုယ့်နေရာအလုပ်ခန်း
ဌာနသို့အရောက်သွားရ၏ ..

~ CEO Kim Jongin ~

ဆိုသောဖန်သားဖြင့်ထုထွင်းထားသော
နာမည်နာမဂုဏ်ပုဒ် ကိုတွေ့တော့မှ...

"ငါလုပ်နိုင်ခဲ့တာပဲ.."

ကိုယ့်လက်ကိုကြည့်တော့  လက်တို့သည်တုံ
ယင်ကာ စတီယာတိုင် အရာတစ်ချို့ပင်စွန်း ထင်းနေလေ၏..

ဒီလက်တွေက အရင်က ကားဆိုသော
ခြေလေးချောင်းနဲ့ဘီးတပ် စီးတော်ယာဉ်ကို
ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်ခဲ့ပါရဲ့.

အခုတော့ ဆန့်ကျင်စွာ ထိုဘီးလေးခုနဲ့
အကောင်သည် လက်တို့ကိုတုံယင်အောင်
ပြန်ပြီး အမိန့်ပေးနိုင်နေလေပြီ..

*Ph ringTone*

အသံစူးစူးတစ်ချို့ထွက်ပေါ်လာသော
ကြောင့် ဖန်သားပြင်ပေါ်က စာလုံးက
အတွင်းရေးမှူး Lee တဲ့...
ဒီအချိန်ဆို ဟိုကောင်လေးကျောင်းရောက်ရောပေါ့...

"Hello...!"

"... ..."

"အမ်...ဖုန်းပေးလိုက်.."

Oh Kitty And Kim BearHikayelerin yaşadığı yer. Şimdi keşfedin