အသက်​မဲ့​နေ့စွဲများ -4

1.1K 129 3
                                    

Jungkook'pov

ကျွန်​​တော်​ရဲ့ အချစ်​ကို ဝန်​ခံ ခြင်းမမည်​တဲ့ ဝန်​ခံခြင်းမျိုးနဲ့ သူ
သိရှိသွားချိန်​မှာ​တော့ သူနဲ့ကျွန်​​တော်​ဟာ ​ဝေးကွာသွားတယ်​လို့မဆိုနိုင်​သလို နီးစပ်​လာတယ်​လို့ ဆိုလို့မရပြန်​ဘူး

သူချစ်​ရသူနဲ့ ရန်​ဖြစ်​​နေချိန်​ သူထိခိုက်​မှာစိုး၍
သူ့ချစ်​သူအား ထိုးခဲ့ ခြင်းအတွက်​ ပြန်​ရလိုက်​သည်​က
ကန်​​ကျောက်​ရိုက်​နက်​ခြင်းများ

သူရဲ့ မျက်​နှာထက်​မှာအများဆုံး​တွေ့ရတဲ့မဲ့ပြုံး ကျွန်​​တော်​နဲ့ရှိမှအများဆုံး မြင်​ရ​လေ့ရှိ​သော မဲ့ပြုံးမျိုး ကို ခပ်​​ထေ့​ထေ့ပြုံးပြီး

"ဘာလည်း မင်းငါ့ကို စိတ်​ဝင်​စား​နေတာလား"

ဆိုတဲ့ ခပ်​ရွဲ့ရွဲ့ အ​မေးကို အားငယ်​မှု သိမ်​ငယ်​မှု​တွေ​ရောယှက်​ကာ ပြန်​​ဖြေမိသည်​က

"ချစ်​လို့"

အံသြသွားသည်​ မျက်​နှာအမူအရာက တစ်​ခနသာ
တကယ်​တမ်း ဖြစ်​​ပေါ်လာသည်​က ရွံရှာသည့်​အမူအရာမျိုး

"Taetae hyungကျွန်​​တော်​ hyung ကိုချစ်​တယ်​"

ထိုစကားအဆုံးမှာ ​လှောင်​ရယ်​လိုက်​တဲ့ သူရယ်​သံက
လူတစ်​ကိုယ်​လုံး ​သေးငယ်​သွားသလို
ထို အသံများအပြင်​ ချစ်​ရသူဆီက မျက်​နှာထက်ကို
ထိုးသွင်းလိုက်​တဲ့လက်​သီး နှစ်​ချက်​ပါ ရလိုက်​သည်

ထို​နေ့က ကျွန်​​တော့်အချစ်​ကို ​လှောင်​​ပြောင်​မှုက
ကျွန်​​တော်​ တို့သုံး​ယောက်​ကြားမှာ မပြီး​သေးဘဲ
အိမ်​ကို ​နောက်​ကျမှပြန်​​ရောက်​လာတဲ့ သူ​တွေအတွက်​ပါ
အလွန်​ရယ်​ရ​သော ဟာသ တစ်​ပုဒ်​ဖြစ်​ခဲ့သည်

Jimin Hyung နဲ့ Namjoon Hyung က ကျွန်​​တော့်
အချစ်​ရဲ့ ငြင်းပယ်​ခံရမှုအား နှစ်​သိမ့်ေ​​ပး​သော်​လည်း
ကျွန်​​တော်​ချစ်​သူ က​တော့ သူ့ရဲ့ မထိတထိ စကားများ
လှောင်​​ပြောင်​မှုများဖြင့်​သာ နှစ်​သိမ့်​ ​ပေးခဲ့သည်

•~•~•~•~•~•~•~•~•~•~•~•

Jimin'pov

"Hyung ကျွန်​​တော်​က တကယ်​ပဲ ကံဆိုး​စေသူလား"

အသက်​မဲ့​နေ့စွဲများNơi câu chuyện tồn tại. Hãy khám phá bây giờ