အသက်မဲ့နေ့စွဲများ-5

1.2K 134 9
                                        

Jungkook'pov

ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာ
မည်သို့မည်ပုံရကြောင်းကို jimin Hyungအား
လိမ်လိုက်နိုင်သော်လည်း စိတ်ထဲတော့မကောင်း

ထို ဒဏ်ရာအသေးလေးကို အရေးတယူ လုပ်ပြီး
ဆေးခန်း ထိသွားပြပေးတဲ့ Hyung ကို
အားနာမိပေမယ့်

ချစ်ရသူကို သူများတွေအမြင်မှာ
မကောင်းတဲ့သူ တစ်ယောက်လို အမြင်မခံနိုင်
သူမကောင်းရင်တောင်
ကျွန်တော့် အပေါ်ပဲမကောင်းတာမလား

"Jungkook hyung သွားပြီးနော်
လက်ကိုဂရုစိုက်"

ကျောင်းသွားခါနီး နှုတ်​ဆက်​စကား ပြောသည့်
Jimin hyung စိတ်မပူစေရန် အတောက်ပဆုံးပြုံးပြ
ကာပြန်နှုတ်ဆက်လိုက်သည်

/Jimin Hyung စိတ်မပူအောင်နေရမယ် ပြုံးထား
Jungkook/

"Nae hyung"

Jimin ထွက်သွားပြီး ဆယ့်ငါးမိနစ်အကြာ
နောက်ကျောမှကြားလိုက်ရသည့် အသံကြောင့်
Jungkook ကိုယ်လေး မတ်သွားသည်

"Hk hk ကောင်းစားနေတယ်ပေါ့"

"Ji..jin hyung ဘာလိုလို့လည်း"

"ဟမ်းးးလိုတာကတော့ရှိတယ် ဒါပေမယ့် မင်း
လုပ်ပေးလို့အဆင်ပြေပါမလား
လက်က......"

Jin hyung  လက်ပိုက်ကာ ကျွန်တော့်ရဲ့ ဒဏ်ရာရနေတဲ့လက်ကို
ကြည့်ရင်း ပြောလိုက်သည်

မလိုပါဘူး hyung ရယ် ကျွန်တော်က
ဘာပဲ ခိုင်းခိုင်းလုပ်ပေးဖို့ ဆုံးဖြတ်ပြီးသား

ကျွန်တော် Hyungတို့ရဲ့အမြင်ကြည် မှုကိုလိုချင်တယ်
ခုလို မုန်းနေတာမဟုတ်ဘဲ
အခြေအနေ တစ်ခုထိ ကောင်းကောင်းဆက်ဆံတာမျိုး
လေးကိုပဲ လိုချင်တာပါ

"ရပါတယ် hyung"

"Ok လေ ပန်ကန်တွေဆေးပေး"

"Nae Hyung "

"ဒါပေမယ့် မြန်မြန်လုပ်နော် မကြာခင် Joonie
ပြန်လာတော့မှာ"

"Nae"

ဤသိုဖြင့် ကျွန်တော် ထမင်းစားခန်းထဲသို့ခြေလှမ်းများ
ဦးတည်လိုက်သည်

/ဟူး အားတင်းထား Jungkook/

မိမိဘာသာ အားပေးစကားပြော၍
ဆေးစရာရှိသည်များကိုဆေးနေလိုက်သည်

အသက်​မဲ့​နေ့စွဲများМесто, где живут истории. Откройте их для себя