Taehyung'pov
"Kim Taehyung!!! ဒီလောက်လွယ်တဲ့
ကကွက်ကို မကတတ်ရင် မင်းဘယ်လို
Idol လုပ်စားမလည်း!!!!""Jungkook တောင် အချိန်ခဏလေးနဲ့
ရသွားပြီး မင်းဒါလေးတောင်မလုပ်နိုင်ရင်
Idol ဖြစ်ဖို့ လက်လျော့လိုက်တော့"အက ဆရာ၏ စကားကြောင့်
သူ လက်သီးဆုပ် မိသည်ဒီနေ့သည် သူ၏ နားရက် ဖြစ်သည်
သို့သော် ဆရာက သူ့အား
အချိန်ပို လေ့ကျင့်ခိုင်သဖြင့်
ဒီနေရာ ရောက်နေခြင်းဖြစ်သည်ဟုတ်ပါသည် ဒီကကွက်လေးကို
သူ ကျင့်နေသည်မှာ
ငါး ရက်မျှပင် ရှိနေပြီး
သို့သော် မည်သို့မှ ကြည့်၍မကောင်းခံပြင်းဖို့ကောင်းသည်က
သူ့ထက် နောက်ကျမှ သင်ကာ
လှလှပပ ကပြနိုင်ပြီး
ဆရာများ၏ ချီးကျူး မှုကိုခံနေရသော
Jungkook ကြောင့်ပင်အက ဆရာ တစ်ယောက်တည်းသာမဟုတ်
ဆရာများ အားလုံးသာမက
အခြား Trainee များပါ
Jungkookကို ချစ်ကြသည်"ကဲ ဒီနေ့ ဒီလောက်ပဲ နားကြတော့
ဆရာပြန်တော့မယ်"ထိုစကားကြောင့် သူ
ကျေနပ်စွာပြုံးလိုက်သည်
သူ ဒီအချိန်ကို စောင့်နေသည်မှာ
ကြာလှပြီးဒီအချိန် ဆိုသည်မှာ
သူနှင့် Jungkook
နှစ်ယောက်တည်းရှိမည့်
အချိန် ဖြစ်သည်အချိန်ကြာလေ သူ၏
အမုန်းကပိုမိုကြီးမားလေအထူးသဖြင့် Jimin နှင့်
Jungkook အတူရှိနေချိန်တိုင်း
သူ့ သူငယ်ချင်းကို လုသွားသည်
ဆိုသည့် အတွေးကြောင့် သူ့
ဒေါသ များက ထိန်းမရချင်
Hobi ရှိနေခြင်းကြောင့်သာ
ပြသနာ ကြီးကြီးမားမားမဖြစ်Jungkook အား
တစ်ခုခုလုပ်ချင်သော်လည်း
Jimin က Jungkook
ဆေးရုံ ဆင်းပြီးတည်းက
Jungkook နားတွင်
အမြဲရှိနေသောကြောင့်
အဆင်မပြေပြန်ထိုအကြောင်း အရာများကြောင့်
Jeon Jungkookအား
နှင်ထုတ်မည့် သူ့အကြံအစည်သည်
မအောင်မြင်ဘဲ ကျန့်ကြာနေသည်

VOUS LISEZ
အသက်မဲ့နေ့စွဲများ
Fanfictionကောင်လေး ၇ယောက် ရင်ဆိုင်ရတဲ့ အသက်မဲ့နေ့စွဲတွေ အချစ် သူငယ်ချင်း အတ္တ မာန မနာလိုမှု တွေနဲ့ သူတိုရဲ့ အသက်မဲ့နေ့စွဲတွေ ကုန်ဆုံးမှာလား သူတို့ကရောဘာတွေ ပေးဆပ်ရမှာလည်း