အိမ်ရှေ့ရှိ နှင်းဆီ များသာ စိုက်ပျိုးထားသော
ပန်းခြံလေးသို့ Taehyung အကြောင်းမရှိ
ငေးနေမိသည်.......
နီနီရဲရဲ နှင်းဆီလေးများကြည့်ရင်
အာရုံထဲရောက်ရောက် လာသည်က
နီရဲရဲ နှုတ်ခမ်းပါး လေးပင်......
/မဖြစ်တော့ဘူး Kim Taehyung
မင်းပြု စားခံရတာ ဒီထက်မဆိုး
စေချင်ရင် လုပ်စရာရှိတာ
မြန်မြန်လုပ်မှရတော့မယ်/
ကိုယ့် အတွေးနှင့်ကို အလုပ်များနေသော်လည်း
အာရုံထဲမှ နီရဲရဲ နှုတ်ခမ်းလေးသည်
ပျောက်သွားခြင်းမရှိ.............
"Tae နေကောင်းရဲ့လား အခုတလော
ထူးဆန်းနေသလိုပဲ"
အနောက်မှလာ၍ သူ့ခါးအား ဖက်ထားသော
J-hope လက်များအား ပြန်လည်
ဆုပ်ကိုင်ထားရန် သူမေ့လျော့ မှန်းမသိ
မေ့လျော့ နေခဲ့သည်.. ...
"ကောင်းပါတယ် hyung ရဲ့
တွေးစရာလေးတွေရှိလို့ပါ"
"အမယ် စကားကြီး စကားကျယ်တွေ
ပြောပါအုံး TaeTae ကဘာများ
တွေးစရာရှိလို့လည်း"
"ဒီလိုပါပဲ"
"Tae အခုတလော စိမ်းကားနေသလာလို့"
J-hope စကားကြောင့် သူ jungkook
အားသတိရသွားသည်....j-hopeအား
နမ်းမည့် အချိန်တိုင်းတွင် သူမြင်နေရသည်က
သူ့ချစ်သူ၏ နှုတ်ခမ်းမဟုတ်သည့် နှုတ်ခမ်းတစ်စုံ
"Tae အပြစ်တစ်ခု လုပ်ထားမိလို့
Tae ကိုခွင့်လွှတ်နော်"
"ဘာအပြစ်လည်း Tae ရဲ့"
"ဘာအပြစ်လည်းဆိုတာ မမေးနဲ့
ဒီအတိုင်းပဲ ခွင့်လွှတ်ပေးလို့မရဘူးလား"
"ရတာပေါ့ ကိုယ်က Tae ကို
ခွင့်လွှတ်ပြီးသား"
"ကျေးဇူးပါ hyung နောက်တစ်ခါ
ထပ်မလုပ်တော့ဘူး အခုက တကယ်
မတော်တဆ စိတ်လွတ်သွားလို့ဖြစ်တာ"
နောက်ဆုံးတော့ သူသည် ထိုအနမ်းအား
မတော်တဆ အဓိပ္ပါယ် မရှိသော အနမ်း
အဖြစ်သတ်မှတ်လိုက်လေပြီး
YOU ARE READING
အသက်မဲ့နေ့စွဲများ
Fanfictionကောင်လေး ၇ယောက် ရင်ဆိုင်ရတဲ့ အသက်မဲ့နေ့စွဲတွေ အချစ် သူငယ်ချင်း အတ္တ မာန မနာလိုမှု တွေနဲ့ သူတိုရဲ့ အသက်မဲ့နေ့စွဲတွေ ကုန်ဆုံးမှာလား သူတို့ကရောဘာတွေ ပေးဆပ်ရမှာလည်း
