part~1

2.5K 164 6
                                    

တကယ်လို့သာ...??

'တစုံတယောက်က သင့်ကိုမလိုအပ်တော့တာ
သေချာလာရင် စွန့်လွှတ်ဖို့ ကြိုးစားပါ'

'တစုံတယောက်က သင့်အတွက်မဟုတ်ခဲ့ဘူး
ဆိုတာသိခဲ့လျှင် နောက်ဆုတ်ဖို့ကြိုးစားပါ'

'အချစ် သံယောဇဉ် ခင်မင်မှု ဘယ်အရာမဆို
နှစ်ဦးသဘောတူ ရှေ့ဆက်မှရပါမယ်'

'တစ်ဦးထဲ ရှေ့ဆက်လာခဲ့မယ်ဆိုရင် သူလဲ
မွန်းကြပ်ရမည် ကိုယ်လဲနာကျင်ရပါမည်'_

______________®®__________________

လက်ထဲက ဖတ်လက်စ ကဗျာစာအုပ်လေးကို
ပိတ်ပြီး မြက်ခင်းစိမ်းစိမ်းပေါ် ကျောခင်းကာ အိပ်လိုက်သည်။ စာအုပ်လေးကို ရင်ဘတ်ပေါ်
တင်ကာ မျက်ဝန်းတစုံက အပြာရောင်ကောင်း
ကင်ကြီးကို စိုက်ကြည့်မိလိုက်သည်။

'သူက ကောင်းကင်ကြီးနဲ့တူလိုက်တာ'

အတွေးတချို့က သူ့ဆီ ×သူ့အကြောင်းတွေး
လိုက်မိသည်နှင့်  ရှေ့တည့်တည့်က ကောင်း
ကင်ကြီးက မျက်လုံးထဲမှာ ဝေဝါးလာတော့
သည်။ ခဏအကြာ မျက်လုံးထောင့်စွန်းကနေ
အရည်တချို့ စီးကျလာတော့သည်။ သူဟာ
ထိုလောက်ထိ စွမ်းဆောင်နိုင်သူပါ။

သူက? ကျွန်တော့်အတွက် ကောင်းကင်ကြီးလို
သူ ×သူက ကျွန်တော့်အတွက်အပြာရောင် ×
ကျွန်တော်အကြိုက်နှစ်သက်ဆုံး အရာတွေနဲ့
သူ့ကို တင်စားထားတာပါ။

သူက ကျွန်တော် တိတ်တခိုး ချစ်နေရတဲ့သူ
ကျွန်တော့်ကမ္ဘာက သူ့အတွက် ကျွန်တော့်အတွေးတွေ အားလုံးထဲမှာသူသာ
အမြဲစိုးမိုးနေသူ
ထိုသူက..?

"မင်ဆော့ တယောက်ထဲလာ နှပ်နေတယ်ပေါ့"

မကျေမနပ်တဲ့ခပ်စူးစူးအော်သံအဆုံးမှာ ပြေးလာတဲ့ ဖိနပ်သံတွေကို သူကြားနေသည်။

"မင်းကို သူ ရှာနေတယ် မေးတယ်"

အနားရောက်လာတဲ့ ကောင်လေးက မင်ဆော့ဆိုသူ အဆွေးသမားကောင်လေး
ဘေး ဝင်လှဲအိပ်လိုက်ပြီး စကားစဆိုသည်။

IFWhere stories live. Discover now