part~11

1.1K 122 4
                                    


စာသင်ချိန်တခုလုံး သူဂနာမငြိမ်။ ချန်းက သူ့ကို
ဘေးကနေအမြဲသတိပေးနေရသည်။
လုဟန်ကြောင့် ခုန်နေတဲ့ နှလုံးသားက မငြိမ်
နိုင်တော့ပါလား။

"ဟူးး!!ကြာရင် ငါရူးနိုင်တယ်!"

"ဘယ်နားမသိလို့လဲ မင်ဆော့!"

"ဗျာ!"

ဘေးက တစုံတယောက်လာရပ်နေတယ်ဆိုတဲ့
အသိကြောင့် မော့ကြည့်မိတော့ •°

"ဆ.ဆရာ!!"

"ဘယ်နားမသိလို့ ရူးချင်နေရတာလဲ"

သူအသံထွက်အောင် ရေရွတ်မိလိုက်တာပဲကို။
ချန်းကို လှမ်းကြည့်တော့ ခေါင်းကြီးငုံ့ကာ
အကူညီပင်မရ။

"ရ ရသွားပါပြီ ဆရာ ဟီးး"

ရှိသမျှသွားအကုန်ဖြီးပြကာ ရယ်ပြလိုက်ရသည်
ဟိုလုဟန် မကောင်းမှုကြောင့် ဖြစ်ရတာ။

"ဟားး မင်းကိုငါ ဆရာလာနေပြီလို့ သတိပေး
သားပဲ မင်းမှမကြားတာ"

ချန်းက စာရွက်တရွက်ပေါ် ချရေးကာ သူ့အပြစ်
ကင်းကြောင်း သက်သေတော့လာပြသေး
သည်။

မုန်းလိုက်တာ မင်းတို့၂ယောက်လုံးကို။

~~~~~~~~~~®®~~~~~~~~~~~~~~
"ဘိုင့် ငါသွားပြီ"

လက်ပြကာ ကားမောင်းထွက်သွားတဲ့ချန်းကို
ငေးကြည့်ပြီးမှ ကားထားရာနေရာဆီ သူတ
ယောက်ထဲ လျှောက်လာလိုက်သည်။

"အမြဲ နောက်ကျမှလွှတ်တယ်"

မျက်နှာဆူပုတ်ကာ လုဟန်တယောက် ပြော
မဆုံးနိုင်တော့။ ၁၅မိနစ်လောက်နောက်ကျ
သည်ကို ။

"၁၅မိနစ်ထဲကို"

ကားနောက်ခန်းဝင်ထိုင်ကာ သူ့ကိုနှုတ်ခမ်းဆူ
ကာ ပြောလိုက်တော့

"ငါ မင်းကို ၁၅မိနစ်နောက်ကျမှ မြင်ခွင့်ရတယ်
လေ "

ကျွန်တော် သူ့ကို ပိုရန်ကော အကြည့်နဲ့ကြည့်
လိုက်တော့ သူက

"တကယ်ပြောတာ !နောက်နေတာမဟုတ်ဘူး"

လုဟန်ဖြစ်နေတဲ့ပုံစံကြောင့် ပါးစပ်ကိုလက်နဲ့
အုပ်ကာ တယောက်ထဲကြိတ်ရယ်နေမိသည်။

IFDonde viven las historias. Descúbrelo ahora