part~20(Final part)

1.4K 128 5
                                    

တကယ်လို့သာ ကျွန်တော်အပေါ်ထားတဲ့ မင်ဆော့ရဲ့ခံစားချက်တွေကို မသိခဲ့လျှင်.....

တကယ်လို့သာ  မင်ဆော့အပေါ်ထားတဲ့
ကျွန်တော်ရဲ့ခံစားချက်အစစ်အမှန်တွေကို
ကျွန်တော်မသိခဲ့ရင်...........

~~~~~~~~~~~~~~~If~~~~~~~~~~~~~~~

အခုဆိုရင် လုဟန် ဒဏ်ရာအတော်သက်သာ
လာပြီမို့ ဆေးရုံဆင်းခွင့်ရခဲ့သည်။

တစ်ပတ်လောက်အကြာမှာ ကျောင်းပြန်တက်
ခွင့်ရခဲ့ပြီး လက်ရှိမှာ ချစ်သူမင်ဆော့ရဲ့ဆရာကြီး
လုပ်မှုကို ခံနေရတဲ့ အချိန်ပင်:)

"လုဟန်!!ညကျရင် ငါနဲ့အတူစာကြည့်ရမှာနော်"

စာမေးပွဲကနီးနေပြီလေ။ကျောင်းပျက်ရက်တွေ
ကလဲများခဲ့တာမို့ ခုမှ လုဟန်တယောက် အတိုး
ချ ကျက်နေရတော့သည်။

"မင်ဆော့ !!ကိုယ် ဒီစာတွေအကုန်ကို ဒီတစ်ည
ထဲ ကျက်ရမှာလား"

ကျက်ရမဲ့စာအုပ်ကို သူလှန်ကြည့်ကာ မျက်လုံး
ပြူးရချေပြီ။သူကတော့ ဂရုမစိုက်သည့်ပုံလေး
နှင့်

"အွန်းလေ!!ကျက်ရမှာပဲ လာမပြောနဲ့"

"မင်ဆော့ကကွာ!!တစ်ဝက်ပဲအရင်ကျက်မယ်
နော် ကိုယ့်ကိုသနားပါ"

မျက်နှာငယ်လေးနဲ့ သူ့ရှေ့ မေးလေးသွား
ထောက်ပြသော်လည်း နဖူးကို လက်ညိုးနဲ့
ထောက်ကာ

"No No No!! ကျက်ဆိုကျက်ပဲ"

ဆရာကြီးပုံစံနဲ့ မျက်မှန်ဝိုင်းလေးတပ်ကာ ပါးစပ်
ကလဲ လှုပ်လှုပ်နဲ့ စာကျက်နေလေရဲ့။သူ့ကို
ကျွန်တော် အသဲယားလွန်းလာတာကြောင့် ပါး
လေးတချက် လိမ်လိုက်မိပါရဲ့။

"ဖြန်း!!"

"အ့ မင်ဆော့ကကွာ"

ကြည့်လေ!!လက်သံကလဲ ပြောင်ပါ့။သူ့လက်ထဲ
က ပေတံနဲ့ လက်မောင်းကို ခပ်စပ်စပ်လေးရိုက်
ချလိုက်လေရဲ့ဗျာ။

"စာကျက်ပါဆိုတာကို လူကိုလာပြီး"

မျက်စောင်းလေးထိုးကာ ပေတံနဲ့နောက်တခါ
ထပ်ရွယ်ထားတာ

IFOnde histórias criam vida. Descubra agora