''ဒေါက်..ဒေါက်"လက်ချောင်းဖြူဖြူဖောင်းဖောင်းလေးတွေက
စာကြည့်စားပွဲပေါ် တဒေါက်ဒေါက်အသံမြည်
အောင် ထိတွေ့ကာတိတ်ဆိတ်နေတဲ့အခန်းတွင်း နာရီလက်တံတို့
တချောက်ချောက်နှင့် အသံထွက်ကာ
တဒေါက်ဒေါက်နှင့် ခုံပေါ်လက်ချောင်းတွေထိ
တွေ့သံ"မဖြစ်နိုင်တာ"
သူ အသံထွက်အောင် ရေရွတ်ရင်း မနေ့ကအ
ဖြစ်အပျက်တွေကိုသာ ပြန်တွေးနေမိသည်။"သူ ဘဝတစ်ခုလုံး ငါ့ကိုအပိုင်ပေးလိုက်ပြီတဲ့"
လုဟန်ပြောသောစကားအဓိပ္ပာယ်ကို သူဘယ်
လို နားလည်ရမည်နည်း။ မင်းကို ချစ်နေခဲ့တဲ့လူ
တယောက်ကို ပြောသွားတဲ့စကားက အရူးအမှုး
စွဲလန်းချင်စရာပင်။"မင်မင်ရေ!!လုဟန် ရောက်နေပြီ"
အောက်ထပ်က မာမီခေါ်သံကြားမှ သူသတိဝင်
ကာ ကျောပိုးအိတ်ဆွဲကာ လှေကားထစ်တွေကို
ပြေးဆင်းကာ"ရီရှင်းhyungရော!!"
မာမီက အပြင်ဘက်ကို မေးငေါ့ပြသည်။
လုဟန်နဲ့တောင် hyungနဲ့အတော်ရင်းနှီးသွား
ပြီပဲ။ နှစ်ယောက်သား ရယ်မောကာ စကားပြော
နေတာကို သူငေးကြည့်နေမိသည်။ရီရှင်းက ဘာပြောလိုက်လဲတော့မသိ လုဟန်က
သူ့ကို လှမ်းကြည့်ကာ ပြုံးနေတာကြောင့် သူ
ထိတ်လန့်သွားသည်။ ရီရှင်းhyung သူ့အကြောင်း တခုခုများ ပြောပြနေတာလား။သူ ကယာကပြာ သူတို့၂ယောက်နား အတင်း
ပြေးသွားကာ"ကျောင်း ကျောင်းသွားမယ်လေ စကားများမ
နေနဲ့"ရီရှင်းhyungကို လက်ကနေ အတင်းဆွဲကာ
ကားနောက်ခန်းကို ဆွဲထည့်တော့"ဒီနေ့ hyung ကားမောင်းလိမ့်မယ်"
အနောက်က လုဟန်က ဘောင်းဘီအိတ်ထဲ
လက်ထည့်ကာ အေးဆေးပင်။~~~~~~~~~~~®®~~~~~~~~~~~~~~
"မင်ဆော့!! ဒီဘက်တိုးထိုင်တော့ ငါကိုက်စား
မှာမို့လို့လား"
YOU ARE READING
IF
Fanfictionတကယ်လို့သာ မင်းသဘောအတိုင်း ငါမနေခဲ့ရင် မင်းစွန့်ပစ်တော့မှာလား တကယ်လို့သာ မင်းအလိုကျအတိုင်း ငါမဖြစ်လာခဲ့ရင် မင်းမုန်းသွားမှာလား တကယ်လို့သာ......? #XIUHAN Fic