part~19

984 112 4
                                    

ထပ်မနာကျင်စေရပါဘူးလို့ ငါအကြိမ်ကြိမ်ကတိ
တွေအားမနာတမ်းပြောနေမိခဲ့ပေမဲ့ တကယ်
တမ်း လက်တွေ့မှာ ငါမင်းကိုအမြဲတမ်းနာကျင်
စေခဲ့တာ
ခွင့်မလွှတ်နိုင်ဘူး ကိုယ့်ကိုကိုယ် ငါဘာကြောင့်
မင်းအပေါ်  နာကျင်မှုတွေချည်းပဲပေးနေခဲ့မိတာ
လဲဆိုတာ
'ကိုယ်ကမင်းအတွက် နာကျင်မှုပဲပေးနိုင်တဲ့လူ
မျိုးလား မင်ဆော့'

~~~~~~~~~~~~If~~~~~~~~~~~~~~~~~~

ဒီနေ့မှ ရာသီဥတုကသာမန်နေ့တွေထက်ပို
ကြည်လင်နေသလို
စိတ်ထဲကပါ မင်ဆော့ကိုတွေ့ဖို့ တက်ကြွနေမိ
သည်။
အခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်လာမဲ့သူ့ကို
ကျွန်တော် မျှော်နေမိတာ

ဒါပေမဲ့ မျှော်လင့်တဲ့သူ မဟုတ်ခဲ့လို့ လုဟန်
တယောက် လေပူတချက်မှုတ်ထုတ်ကာ လာ
မဲ့ဘေး ပြေးတွေ့ဖို့သာ
ကိုယ်တိုင်စခဲ့မိဘဲ့ ပြသာနာပဲ ကိုယ်တိုင်ရှင်းရ
တော့မှာမို့
ဒီပြသာနာကို စခဲ့တဲ့ ကိုယ့်ရဲ့အသုံးမကျတဲ့
ခေါင်းကိုသာ ပြန်ထုပစ်လိုက်ချင်မိသည်။

"ဟန်!!တို့ရောက်ပြီ "

အပြုံးချိုချိုလေးနဲ့ လက်ထဲက အထုတ်တွေကို
ခုံပေါ်တင်ကာ သူမက သူ့အနားလာထိုင်တာ
မို့ သူပိုနေရကျပ်သွားပြန်သည်။တော်ကြာ
မင်ဆော့ ဝင်လာမှဖြင့်ကွာ

"သြော်!!အင်း အစောကြီးပါပဲလား ဂါယောင်း"

"စိမ်းကားလိုက်တာဟန်ရယ် အခေါ်အဝေါ်ကြီး
ကလဲ ကိုယ့်ချစ်သူကောင်မလေးကိုပဲ"

သူမရဲ့လက်က သူ့နဖူးကို လာစမ်းတာမို့ ကိုယ့်
ကိုအနောက်ကိုယိုင်လိုက်ကာ

"တော်လောက်ပြီ ဂါယောင်း "

"ဟန်!! "

သူမရဲ့လက်ကို ပြန်ဖယ်ချကာ

"အင်း ငါမှတ်မိပြီ အားလုံးကို"

သည်တော့မှ သူမကသူ့အနားကထကာ

"သြော် တော်သေးတာပေါ့ မဟုတ်ရင်တောင်
ဟန့်ကိုခေါ်ပြီး  တနေရာရာထွက်ပြေးမလားလို့"

IFWhere stories live. Discover now