Hair (9th Inch)

1.6K 217 15
                                    

မနက်ခင်းသည် စိမ်းပြာရောင်ပင်လယ်ပြင်ကြီးကြောင့် ပိုပြီး လှပနေသယောင်။ အားလုံးထက်…JongIn နှင့်အတူရှိနေရခြင်းက အရာရာကိုပြည့်စုံစေသည်။

"JongIn…JongIn ထတော့လေ! ပင်လယ်ထဲဆင်းမယ်"

စောင်တွေနဲ့အလုံးလိုက် အထွေးလိုက်ကြီး အိပ်ပျော်နေတဲ့ ဝက်ဝံလေးကို လက်မောင်းကနေဆွဲထူရင်း နှိုးလိုက်သည်။ အိပ်ချင်မူးတူး ထထိုင်လာတယ်ဆိုပေမဲ့ မျက်လုံးကခုထိမပွင့်သေး။ မျက်စိပိတ်လျှက်သားကပင် စူပုပ်ပုပ်နှုတ်ခမ်းကို အလိုမကျသလို တွန့်ချိုးရင်း အသစ်စက်စက်ဆိုးလာခဲ့တဲ့ သူ့ရဲ့အညိုရင့်ရင့်ဆံပင်တွေကို လက်နဲ့ပွတ်ဆွဲဖွနေလေသည်။ ရှုပ်ပွနေတဲ့အချိန်မှာတောင် သူ့ဆံပင်လေးတွေဟာ တစ်မျိုးချစ်ဖို့ကောင်းနေတယ်။

"ထတော့ဆို~နေဖင်ထိုးတော့မယ်"

"အိပ်ချင်သေးတယ်"

နှုတ်ခမ်းကို မလှုပ်တလှုပ်နဲ့ ပြောလိုက်တာများ တရုတ်ကားထဲက ပါးစပ်မလှုပ်ပဲစကားပြောတဲ့ သိုင်းသမားအဖိုးကြီးကျလို့။

"ရေဆော့မယ်ဆို အခုထနော်…မဟုတ်ရင် နေပူလာပြီး ဆော့လို့မကောင်းတော့ဘူး"

"အင်း…အင်း"

စောင်ပုံကြီးထဲက အတင်းတိုးထွက်ပြီး ရေချိုးခန်းဆီ လျှောက်သွားတဲ့အထိ မျက်လုံးကိုကောင်းကောင်းမဖွင့်သေး။

#ဒုန်း!

"အ!!"

သူ့ခေါင်းနဲ့ ရေချိုးခန်းတံခါးဘောင် မေတ္တာမျှတော့မှပဲ မျက်လုံးပွင့်လာပြီး ရှုံ့မဲ့ကာ နာသွားတဲ့နေရာကို လက်နဲ့ပွတ်နေသည်။

"အဟီးဟီး"

ထိန်းထားတဲ့ကြားက အနည်းငယ်တိုးထွက်တဲ့ ကျမရဲ့ရယ်သံကြောင့် Kim JongIn ရဲ့ မကျေနပ်တဲ့မျက်စောင်းက ဒိုင်းခနဲ။ ကျမ ကိုယ့်ပါးစပ်ကိုယ် ဖိပိတ်ရင်း မျက်နှာကိုပြန်တည်ဖို့ ကြိုးစားလိုက်သည်။

"မရယ်နဲ့"

ရုပ်တည်နဲ့ လှည့်ဟောက်ပြီးနောက် ရေချိုးခန်းထဲဝင်ကာ တံခါးကိုဒုန်းခနဲစောင့်ပိတ်သွားလေတော့သည်။

------------------

"Bikini မဝတ်နဲ့နော်! T-shirt နဲ့ Jean အတိုလောက်ပဲဝတ်!"

My Love,Kim JongIn(Every Inch of you)Donde viven las historias. Descúbrelo ahora