လန်းဆန်းခြင်းတွေနဲ့အတူ...
ပျော်ရွှင်ခြင်းတွေနဲ့အတူ...
ကောင်းမြတ်ခြင်းတွေနဲ့အတူ...
နိုးထလာရတဲ့ ကျွန်တော့်ရဲ့ပြီးပြည့်စုံသော နံနက်ခင်း...သာယာလိုက်တာ...အေးချမ်းလိုက်တာ...
"Yar...Moon Hyo-joon အခုထိမထသေးဘူးလား"
ကျယ်လောင်စွာထွက်ပေါ်လာသော အသံတစ်ခု။ ထိုအသံ၏အကျိုးဆက်ကား...
အိမ်ခေါင်မိုးပေါ်က အသည်းငယ်သောခိုငှက်တစ်အုပ် ဝုန်းဆိုပျံပြေးသွားသည်။
အခန်းထဲကကိုယ်လုံးပေါ်အလှကြည့်မှန် ဂွပ်ဆိုအလျားလိုက်အက်ကွဲသွားသည်။
ဝရန်တာပေါ်က ပန်းအိုးတစ်လုံးကွဲသွားပြီး ခြံထဲကပန်းသီးပင်ဆီမှ ပန်းသီးတစ်လုံးဖုတ်ဆို ကြွေကျလေသည်။ထိုမျှသာမကသေး... ကုတင်ပေါ်က စောင်ပုံထဲတွင် လူးလိမ့်ကာ အပျင်းတစ်နေသည့် ကျွန်တော် Moon Hyo-joon ၏ ခန္ဓာကိုယ်မှာ လိပ်ပြာတောင်ပံလေးပေါ်မှ နူးညံ့လှသော ရောင်ခြယ်လွှာလေးကို လက်ကြမ်းကြီးများနှင့်ထိလိုက်သလို...၊ သေးငယ်လှသောပန်းဝတ်မှုံလေးကို လေပြင်းပြင်းဖြင့် မှုတ်ထုတ်လိုက်သလို... ...
ဘုတ်...
"အင့်..."
"တယ်...ကောင်းကင်ကနေလုံး နင့်ဖင်ထဲဝင်နေပြီ။ အခုထိ အိပ်ရာက မထ အပြင်းတစ်နေတုန်း"
အောင့်သက်သက်ဖြစ်သွားသောမြီးညောင်ရိုးကို ပွတ်ကာ ကျွန်တော် စူပုတ်ပုတ်ဖြင့် စောင်ကြီးကိုပိုက်ပြီး ထလိုက်သည်လေ။ အမေနှယ် ဒီသားလေးတစ်ယောက်တည်းရှိတာကို။ အိပ်ရာက နှိုးတာများ ကြင်ကြင်နာနာနဲ့နှိုးပါလားလို့...။ အခုတော့ ရက်ရက်စက်စက် ကန်ချတာ မြီးညှောင်ရိုးကျိုးပြီလားတောင်မသိပါဘူး တကယ်ပါပဲ။
"မားမားကလဲ Joonie က ကျောင်းပိတ်တုန်းလေးပဲ အိပ်ရတဲ့ဟာကို။ ပြီးတော့ ကြင်ကြင်နာနာနှိုးပါလားလို့။ အခုတော့ Joonie တင်ပါးလေးနာသွားပြီ"
"ဟယ်...မနက်စောစောစီးစီး ကျက်သရေတစ်စက်မှမရှိအောင် လုပ်မနေစမ်းနဲ့"
ငိ...မားမားကတော့လေ လူကိုနင်သွားတာပဲ။ သူများက ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ ပြောတဲ့ဟာပဲဟာပဲဟာပဲ ဟာကို...။
YOU ARE READING
Can't Stop Loving💕 {OR} Can't Stop Laughing😄😄😅😅
Fanfiction"Oh! I see. It wasn't normal. Someone help Me. This isn't School. All of the students are crazy and teachers also. How can I away from here. Somebody Helppppp~~~~"