အချိန်ကား ည ၁၀နာရီသာရှိသေးပေမယ့် ကောင်းကင်ပြင်တစ်ခုလုံးကတော့ ညဉ့်နက်ချိန်အလား မှောင်မိုက်အုံ့ဆိုင်းနေသည်။ လျှပ်စီးတွေတစ်ဖျက်ဖျက်လက် မိုးကျိုးတွေ တစ်ခြိမ်းခြိမ်းပစ်ပြီးသကာလ မိုးစက်မိုးပေါက်များ တစ်ဖွဲဖွဲတသည်းသည်း ရွာကျလာတော့သည်။ ဆောင်းဦးအဝင်မိုးဖြစ်သည်နှင့်အညီ အေးစိမ့်သောအအေးဓာတ်က air-com ဖွင့်စရာမလိုပါပဲ တစ်ခန်းလုံးကို လွှမ်းခြုံထားလေသည်။
"ဟင်း...ဟင်း...ဟင်း"တဟင်းဟင်းနဲ့ ညည်းညူသံက ဘယ်ကထွက်လာပါသနည်း။ အလို ဒါအနော်တို့ရဲ့ဇာတ်လိုက်ကျော် Moon Hyo-joon မဟုတ်ပါလော။
Moon Hyo-joon သူ ခန္ဓာကိုယ်၌စောင်အထပ်ထပ်ခြုံထားသော်လည်း နွေးမနေဘဲ အေးနေသောကြောင့် တစ်ဟင်းဟင်းနှင့် နှုတ်ခမ်းစိလို့မရအောင် ညည်းနေမိသည်။ မျက်နှာတစ်ခုလုံးလည်း ရောင်ကိုင်းနေသလို တစ်ကိုယ်လုံးလည်း တို့ထိလို့မရအောင်ပင် နာကျင်ကိုက်ခဲနေသည်လေ။ သေချာပါသည်။ အနာရှိန်ကြောင့် သူဖျားနေပါပြီ။ နဖူးမှစ ခြေဖျားအထိ တစ်ကိုယ်လုံးမီးခဲတစ်မျှ ပူနေသော်လည်း တစ်ဆက်ဆက်တုန်နေအေုင်ကို သူချမ်းနေမိသည်လေ။
နှုတ်ခမ်းနှစ်လွှာလည်း အက်ကွဲခြောက်သွေ့နေပြီ။ အားခေါင်တစ်ခုလုံးလည်း အပူငွေ့တွေနှင့် တံတွေးပင်အငွေ့ပြန်ပြီး မရှိလောက်အောင်ကို လျှာတစ်ခုလုံးပါ တောင်တင့်နေမိသည်လေ။ သူ အခုရေအလွန်ဆာပါသည်။ ရေဘူးက ဘေးခုံပေါ်မှာရှိနေပေမယ့် သူ့လက်တွေက လှမ်းမရ...
သေနာကြီး...ဒီအချိန်ကြီး ဘယ်တွေလျောက်သွားနေတာလား။ ဒီမှာသေမလိုဖြစ်နေတာကို။ ငါ့ကိုသဘောကျတယ်ဆိုပြီးတော့ ဂရုလည်းမစိုက်ပေးဘူး သေနာ...လောရှည်...ဟင့်။
ပြစ်ပြစ်နှစ်နှစ်ကိုကျိန်ဆဲပစ်လိုက်သည်လေ။ လူကနေမကောင်းတော့ စိတ်က အလိုလိုနေရင်းကို အားငယ်နေမိသည်မဟုတ်ပါလား။
ကျွီ ခနဲတံခါးပွင့်လာသံနှင့်အတူ Kwang-soo ဝင်လာသည်။ ကုတင်ထက် စောင်ကုံကြီးနှင့်လုံးထွေးကာ ကွေးနေသော Hyo-joon ကိုတွေ့တော့ အပြေးကလေး ဘေးနားရောက်လာသည်လေ။
"Hyo Hyo-joon...ya ဘာ ဘာဖြစ်တာလဲ...? နေမကောင်းဘူးလား...?"
"ဟင့်...ဟင့် ဗြဲ...အီးးး...ဝါးး"
YOU ARE READING
Can't Stop Loving💕 {OR} Can't Stop Laughing😄😄😅😅
Fanfiction"Oh! I see. It wasn't normal. Someone help Me. This isn't School. All of the students are crazy and teachers also. How can I away from here. Somebody Helppppp~~~~"