CSL-(4)

127 7 5
                                    

လေပြည်​တစ်​ချက်​​လွေ့...
မွှေးရနံ့အချို့က​လေထဲ ကပ်​ပါလာသည်​...
အင်း...ဒါပန်းချယ်ရဲ့ မွှေးရနံ့ပဲ...

ရင်ဘက်ကြီးကို တအားဖွင့်ပြီးအကြိုက်ရှူသွင်းလိုက်တော့ လန်းဆန်းသွားသလို...
ချယ်ရီပန်းတွေတောင်ပွင့်ပြီလား...??
သြော်...ပူပြင်းတဲ့နွေရာသီကုန်လို့ ဆောင်းဦးတောင်ဝင်ခဲ့ပြီကို...
ချယ်ရီပင်တွေရှိတဲ့လမ်း...
လေအလွှင့် ချယ်ရီပန်းပွင့်လေးတွေလည်း လိုက်ပါကြွေလွှင့်လို့...
လမ်းတစ်လျှောက် ပန်းနုရောင်သန်းနေတဲ့ ချယ်ရီပွင့်ဖတ်လေးတွေက မြေသားကိုဖုံးအုပ်လို့ ပန်းခင်းလမ်းသဖွယ်ဖြစ်နေပြီ...

အင်း...ချောမောလှပတဲ့ မင်းသားလေးနဲ့ ပန်းနုရောင်ပန်းခင်းလမ်းလေး... တယ်လည်းလိုက်ဖက်သကိုး... ကိုင်း အချိန်မဆွဲဘဲ ခေါင်းကိုကော့ ရင်ကိုမော့လို့ သိန်းတစ်ထောင်တန်ခြေလှမ်းနဲ့ အခုချင်းပင်လှမ်း~~~

အုန်း...

ဟဲ့...သောက်ပလုတ်တုတ်

ဟုတ်ကဲ့...အတွေးကောင်းကောင်းနှင့် ဟန်ပါပါလျှောက်လာတဲ့ အနော်တို့ရဲ့ဇာတ်လိုက်ကျော် Cool Guy ကြီး Moon Hyo-joon တစ်ယောက် ပထမရာဇ ခြေမကြွခင်မှာပဲ ပေတရာမြေနဲ့ တူနှစ်ဖြာထပ်လို့ ဂဟေဆပ်ပါလေရောလား...။

"ငါလခွမ်း...ဘယ်အကောင် ငါ့ဝင်တိုက်တာလား...?"

Hyo-joon အောက်မေးရိုးနဲ့မြေပြင်မိတ်ဆက်သွားသည်ကြောင့် နာသွားသော်လည်း ပတ်ဝန်းကျင်အမြင်ရှိသေးသည်မို့ ဒေါသမထွက်ရဲ။ ကိုယ်ချော်လဲတာ ဘေးဘီဘယ်သူမြင်သွားလဲ အသည်းအသန်ပြူးပြဲ ကြည့်ရသည်လေ။ တော်ကြာ Cool Guy က သုံးစရာမရှိလို့ ကျောင်းရှေ့ပိုက်ဆံကုန်းကောက်တယ်ဆို မရှိမဲ့ရှိမဲ့အရှက်လေးကွဲရချည်ရဲ့...။

"ဖြစ်ကြပြန်ပြီဟေ့...ဖြစ်ကုန်ကြပြီဟေ့"

"ဒီတစ်ခါ Class-B က Kelvin နဲ့တဲ့"

ရုတ်တရက် ဘေးနားကနေ လေအလျှင်လိုဖြတ်ပြေးသွားတဲ့ ကောင်လေးနှစ်ယောက်...။ ပြေးလည်းပြေး ပါးစပ်ကနေလည်းမနားတမ်းအော်သွားလေရဲ့...။ သူတို့အော်သံကြားတဲ့ အခန်းတိုင်းလိုလိုကနေ ကျောင်းသား/သူတွေ တစ်အုပ်ကြီး တစ်အုပ်ကြီး ပြေးထွက်လာကြသည်လေ။ ထို့အပြင်တစ်ခြားနေရာအစုံကနေလည်း ကျောင်းသား/သူတွေ ထွက်လာကြသည်။

Can't Stop Loving💕 {OR} Can't Stop Laughing😄😄😅😅Where stories live. Discover now