CSL-(8)

152 9 11
                                    

Moon Hyo-joon သူ မပြေးရုံတစ်မယ်လှမ်းလာခဲ့သည်။ ကျောင်းဝန်းဟောခန်းထဲရောက်တော့ အခန်းအပြင်အထိစုပြုံတိုးထွက်နေတဲ့လူတွေရယ်ကြောင့် Hyo Joon တစ်ယောက် နေရာမှာတင်​ ရပ်​တန့်​သွားမိသည်​...မရပ်​တန့်​လို့လည်းမရ သူဆက်​သွားလို့မှမရ​တော့ဘဲကို။ အ​ရှေ့မှာ ပိတ်​​နေတဲ့ လူအုပ်​ကြီးက အခုအချိန်​သမ္မတလာပါတယ်​ဆိုရင်​​တောင်​ ဖယ်​​ပေးမယ့်​အစီအစဉ်​မရှိ​လေ....။

အထဲမှာရှိမည့်အရာကို အများနည်တူ သူလည်းသိချင်သည်။ ထို့ကြောင့် တိုးကြည့်သည်…မရ။ ခုန်ကြည့်သည်… 180 cm ရှိသော သူ့အရပ်က ဒီနေ့ကျမှ ပုနေသယောင်ယောင်…။ ထပ်တိုးကြည့်သည်… တုတ်တုတ်တောင်မလှုပ်…။ ထပ်ခုန်ကြည့်သည်…မမြင်ရ… သို့နှင့် အမောင် Hyo-joon ဖတ်ဖတ်မောသွားသည် လူအုပ်ကြီးကား ဟန်မပျက် ရှိမြဲ…ရှိဆဲ…။

မထူးဇာတ်ခင်းကာ ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ချ အပန်းဖြေလိုက်သည်။ ထူးဆန်းစွားပင် သူ အတန်တန်အခါခါကြိုးစားခဲ့ပါသော်လည်း နေရာမရွေ့သည်လူအုပ်ကြီးကား… သူလက်လျော့ကာ ထိုင်ချလိုက်ကာမှ တစ်ဖြည်းဖြည်းကျဲသွားလေသည်။ သြော်…Moon Hyo-joon တို့ကံများကောင်ချက်… ဖက်ဖက်မောသွားတာပဲအဖတ်တင်တယ်…ငင့်။

လူအနည်းအပါးလောက်သာကျန်ရှိတော့တာမို့ ကြားတိုးဝင်ရင်း အားလုံးစာမသင်နိုင်ဘဲ ပြေးထွက်ကာလာကြည့်ရသည့်အရာကို သူရှာဖွေနေမိသည်။ မတွေ့…ကြေငြာစာကပ်သည့် ဘုတ်ပြားကလွဲလို့ ဘာမှရှိမနေ… သူမကျေနပ်။ ဟုတ်တယ်လေ ဒီလောက်ထိအပင်ပန်းခံထားရတာ ဘာလဲတော့ သိသင့်တယ်မလား။ ဖြဲရှာသည်…မတွေ့… ပတ်ရှာသည်… မမြင်… ငုံ့ရှာသည်…ဘာမှမရှိ။ နည်းမျိုးစုံသုံးကာ တစ်ဝန်းလုံး ရှာရင်း Hyo-joon မအားမလပ်ဖြစ်နေတော့လေသည်။

"ဘာလုပ်နေတာလဲ…မင်း"

ဒီလိုရုတ်တရက်ပေါ်လာသည့်အသံအား သူမလန့်တတ်တော့တာ ကြာလေပြီ…။ ပြန်မဖြေပါ…မလိုဘူးလေ။ လုပ်သမျှအကုန်လုံးသတော်ဦးတင်နေရအောင် အဲ့တျောက်နဲ့သူနဲ့ ဘာမှမှမဆိုင်ဘဲနော့…။

"မဟုတ်မှ…မင်း… ငါ့ကိုမြူဆွယ်နေတာလားဟင်"

ဒိန်းခနဲဆို နှလုံးသွေးဆောင့်တတ်သွားမိသည်… သူ…သူ ဘာပြောလိုက်တာလဲ။
အခုမှသတိထားမိသည်ကား အရှေ့ကိုသာ သဲမဲရှာနေမိသော Hyo-joon သူ… ကုန်းကုန်းကွကွနှင့် ဖင်ဗူးကောင်းထောင်သလိုဖြစ်နေတော့ကား…

Can't Stop Loving💕 {OR} Can't Stop Laughing😄😄😅😅Where stories live. Discover now