CSL-(3)

122 9 5
                                    

Ring~~~Ring~~~Ring~~~

ရှေ့ခုနှစ်အိမ်...နောက်ခုနှစ်အိမ် ကြားလောက်အောင် ထမြည်နေတဲ့ နှိုးစက်သံကြောင့် Hyo-joon နှိုးထလာရပါတယ်။ နာရီကိုကြည့်လိုက်တော့ မနက် 7:00 ပင်ထိုးနေပြီလေ။ အိမ်မှာသာဆို Hyo-joonတို့ ဒီအချိန်အိမ်မက် မက်ကောင်းတုန်း နတ်သမီးလေးတစ်ဖက်လေးငါးရာနဲ့ အိမ်မက်ထဲမှာ ဇိမ်ယစ်နေတုန်း။ ဒါပေမယ့် နိုးနိုးချင်းသိလိုက်တာက ဒါ အိမ်မဟုတ်။

"ငရဲတွင်းပဲ...ငရဲတွင်း"

တကယ်တော့ကျောင်းဆိုတာ Hyo-joon အတွက်က ငရဲတွင်းတစ်ခု...။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ နေကောင်းချင်းမနေရတဲ့ ငရဲတွင်း...။ ဒီလိုမျိုးကျောင်းဆိုတာကို သေမတတ်မုန်းနေတဲ့သူက ဘာဖြစ်လို့ တစ်ကျောင်းလုံးပထမဖြစ်နေပါသနည်း...။ ဒါကတော့ Moon Hyo-joon လေ။ Cool guy,အခုတော့ Style & Smart ကျတဲ့ Moo Hyo-joon...။ အခုလည်း မနက်စောစောထရတာမုန်းတဲ့ Moon Hyo-joon တစ်ယောက် Cool guy Image မပျက်စေရန် ထရခြင်းဖြစ်သည်လေ။

တစ်ဖက်ကုတင်ကိုမသိမသာ မျက်စိစွေစောင်းကြည့်လိုက်တော့... ကိုယ်တော်ချောခင်မျာ...စောင်ပုံထဲလုံးထွေးအိပ်ပျော်နေလေရဲ့...။ အဝတ်အစားဝတ်အိပ်ဟန်မတူသော သူ့ခန္ဓာကိုယ်က စောင်ကြားထဲမှ ဟိုတစ်စဒီတစ်စထွက်ပေါ်နေတာကြောင့် Moon Hyo-joon ဖျားသွားသည်။ ပိုဆိုးသည်ကား ညမအိပ်ခင် ဟိုတစ်ယောက်သူ့နားနားလာကပ်ကာ ပြောသွားသည့်စကား...

"ငါမင်းကို သဘောကျသွားပြီ Sam Namja လေး...။ မင်းက အခုအချိန်ကစပြီး ငါ့အတွက်ပဲ"

အမလေး...ပြန်တွေးရင်း ကြက်သီးတွေတောင်ထတယ်။ ဒီလိုအခြောက်ကြီးနဲ့တစ်ခန်းထဲလာကျတာ ဘယ်ဘဝကဝဋ်ကြွေးတွေပါလိမ့်။ တစ်ခန်းလုံး ယောက်ျားလေးတွေရဲ့ 6packs နဲ့ shirtless ပုံတွေမြင်တည်းက သူသတိထားမိခဲ့သင့်တာ...။ မဖြစ်...မဖြစ် ဒီနေ့ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အခန်းပြောင်းခိုင်းမှပါ။ နို့မို့ဆို သူပါခြောက်သွားနိုင်သည်လေ။

အခုတော့ ထပြီးမြန်မြန်ပြင်ဆင်ရမည်။ Nanjin ကျောင်းမှာလို ဒီကျောင်းမှာလဲ စံပြကျောင်းသား King နေရာကိုယူနိုင်ဖို့ဆိုရင် ကျောင်းတတ်ရတဲ့ပထမဦးဆုံးနေ့မှာ နောက်မကျနေသင့်ဘူးမလား။

Can't Stop Loving💕 {OR} Can't Stop Laughing😄😄😅😅Where stories live. Discover now