CSL-(7)

114 9 13
                                    

"Hyo-joon…ah ဒီနေ့ ငါတို့အတန်းပိုင်ဆရာအသစ်ရောက်မယ်တဲ့"

ကျွန်တော် အိမ်စာတွေကိုပြန်စစ်နေရင်း အနားကပ်လာပြောလိုက်သော Kwang-soo ကြောင့် မော့ကြည့်လိုက်သည်။

"အဲ့တော့…"

Kwang-soo ကျွန်တော့်စားပွဲပေါ်တင်ပါးလွှဲထိုင်လိုက်သည်မို့ စာအုပ်တွေ သိမ်းလိုက်ရသည်။ baskball ကို ကြမ်းပြင်နှင့် ပုတ်ကာ ပုတ်ကာ ကစားရင်း…

"ဒီတစ်ခေါက်ဆရာက သဘောကောင်းမယ့် ပုံတဲ့။ Okashi ဆိုတဲ့ ဂျပန်ကျောင်းက ပြောင်းလာတာဆိုပဲ"

တကယ်တော့ ဆရာအသစ်ပြောင်းလာတယ် မပြောင်းလာဘူးဆိုတာ ကျွန်တော် စိတ်ဝင်စားတဲ့အကြောင်းအရာ မဟုတ်ပါ။ သူ့ဘာသာသူ ပြောင်းပြောင်း မပြောင်းပြောင်း ကျွန်တော်နဲ့မှ မဆိုင်တာကိုနော့…။ Kwang-soo တစ်ယောက် အကြောင်းမရှိအကြောင်းရှာ လာပြောနေခြင်းသာ ဖြစ်သည်လေ။

"English သင်မှာတဲ့။ ဆရာက Seoul တက္ကသိုလ်ထွက်တဲ့။ အမေရီးကားမှာ ၂နှစ်လောက် စာသင်ဖူးတယ်ဆိုပဲ။ ကြည့်ရတာတော့ နောက်လ English စကားပြောပြိုင်ပွဲအတွက် ခေါ်လိုက်ဟန်တူတယ်။ တကယ်… ငါတို့ကျောင်းအုပ်ကြီး ထက်မြက်ပါပေတယ်ကွာ"

Kwang-soo ပြောနေသည်များကို ကျွန်တော်စိတ်မဝင်စားသည်မို့ မကြားတစ်ချက်ကြားတစ်ချက်။ ထိုင်ခုံပေါ်အပျင်းကြီးစွာမှီထိုင်လိုက်ရင်း ဖုန်းထုတ်ကာ ကြည့်နေလိုက်သည်။

"အားလုံး… သတိ"

ကြားလိုက်ရသည့်အသံအဆုံး ကျွန်တော့်စားပွဲပေါ်တတ်ထိုင်နေသည့် Kwang-soo ဝုန်းခနဲဆို နောက်တန်းက သူ့နေရာသူရောက်သွားသည်။ သိလိုက်ပါပြီ… အတန်းခေါင်ဆောင် Yoo Pinky ဆိုတာ။ ဖုန်းကို ပိတ်ကာ ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ရင်း ခါးမတ်ကာထိုင်လိုက်သည်လေ။ နောက်အတန်းတစ်ချိန် စတော့မည်မလား။

"ကလေးတို့… ဒီနေ့ ငါတို့အတန်းကို အတန်းပိုင်ဆရာအသစ်ရောက်မယ်ဆိုတာ ကြားပြီးလောက်ရောပေါ့"

တိတ်ဆိတ်နေသည့်အခန်းအတွင်း Yoo Pinky အသံက ဟိန်းခနဲထွက်လာသည်။

"အတန်းပိုင်ဆရာအသစ်ကို စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးနော်။ ငါတို့ class-A က ဘယ်လောက်တောင် တော်ပြီး လိမ္မာတဲ့သူတွေလဲဆိုတာ ပြရမယ်… သိတယ်မလား"

Can't Stop Loving💕 {OR} Can't Stop Laughing😄😄😅😅Where stories live. Discover now