Episode-10

18.9K 1.9K 56
                                    

ZAWGYI

"ဝေးးးးးစာမေးပွဲပြီးပြီကွ!!!!"

ကျောင်းဆင်းခေါင်းဆောင်ထိုးသည်နှင့် အတန်းထဲမှ ပြေးလွှားခုန်ပေါက်ကာ ဆူညံစွာ ထွက်သွားကြသော ကျောင်းသား၊ကျောင်းသူများကြောင့် ကျောင်းဝင်းကြီးက စာမေးပွဲဖြေစဉ်ကာလများနှင့်မတူဘဲ အသက်ဝင်လျက်ရှိသည်။

"BaekHyun ဖြေနိုင်တယ်မလား"

လွယ်အိတ်လွယ်ကာ အတန်းထဲမှ ထွက်ခါနီး ကျွန်တော့်အနားသို့ Woo Young ရောက်လာသည်။

"အင်း၊ နင်ရော"

"ဖြေတော့ဖြေနိုင်ပေမဲ့ တချို့ဟာလေးတွေ နည်းနည်းမရဘူးပေါ့၊ ဒါနဲ့လေ နင်ငါနဲ့ အလောင်းအစားလုပ်ထားတာကို ဖျက်လိုက်တာ
တကယ်နာတယ်သိလား၊ ငါ နင့်ထက် အမှတ်နည်းမှာ ငါသိနေတယ်"

"ထားလိုက်ပါ၊ အလောင်းအစားဆိုတာ ကောင်းတာမှ မဟုတ်တာ၊ ဒီတိုင်းပဲကြိုးစားကြတာပေါ့"

ကျွန်တော် ဘာလို့ChanYeol စကားကို နာခံခဲ့ပြီး အလောင်းအစားကို ဖျက်လိုက်မှန်း
မသိဘူး။ ကျွန်တော်လည်း သူ့စကားကို မလွန်ဆန်တာများလာတော့ မလွန်ဆန်နိုင်တော့တာထင်ပါရဲ့။

"BaekHyunee လာ၊ သွားရအောင်"

အတန်းပေါက်ဝမှာ ChanYeolက ရပ်ကာ ကျွန်တော့်ကို လှမ်းခေါ်တယ်။ ChanYeolဘေးမှာ Krisက လက်နှစ်ဖက်လုံးမှာ လက်ဆောင်တွေအပြည့်နဲ့။ ထုံးစံအတိုင်းကောင်မလေးတွေက သူ့ကို ပေးသွားကြပြန်ပြီ ထင်တယ်။ ထုံးစံအတိုင်း မဟုတ်တာကတော့ ခါတိုင်းဆိုကျောင်းရှေ့ကပဲ အိမ်အတူပြန်ဖို့ ကားပေါ်ကနေစောင့်နေတဲ့ ChanYeolက အခုတော့ ကျွန်တော့်ကို အတန်းရှေ့အထိ လာခေါ်သည်။

သူ ဆေးမှားသောက်ထားတာလား။

ကျွန်တော် ChanYeol ကို ကြောင်ကာ ကြည့်နေမိတုန်း

"BaekHyunee လာလေကွာ"

"အင်း၊ လာပြီ"

သူက ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ
စိတ်မရှည်စွာ ခေါ်လာတာမို့ ကျွန်တော်
သူ့အနားသို့ ခပ်မြန်မြန်သွားလိုက်ရတယ်။

"BaekHyun...Bye Bye"

Woo Youngက အနောက်မှ လှမ်းခေါ်ကာ ကျွန်တော့်ကို လက်ပြနှုတ်ဆက်‌တော့ ကျွန်တော်လည်း သူ့ကို လက်ပြန်‌ပြမယ်အလုပ်...

Married to a PrinceWhere stories live. Discover now