Special Chapter-4

20.8K 1.6K 53
                                    

*The Love Story of
Kris Wu & Zi Tao*

~~~
ZAWGYI

"မင်း ငါ့ကို မချစ်တော့တာ သေချာလား"

ကြမ်းတမ်းစွာ သိမ်းပိုက်ခံခဲ့ရသော နှုတ်ခမ်းသားများကို Tao မဝံ့မရဲထိကြည့်ရင်း နှစ်မြို့ဖွယ် မကောင်းသည့် ပြန်လည်ဆုံတွေ့ခန်းတစ်ခုဆီ အတွေးရောက်နေမိသည်။

Kris ထားရစ်ခဲ့သည့်နောက်ပိုင်းမှာ တစ်ယောက်တည်း အရူးတစ်ပိုင်းဖြစ်နေခဲ့သော
Taoကို Lucyက ဖေးမပေးခဲ့သည်။ Krisပြောသလို ဂရုစိုက်ခြင်းနဲ့ ချစ်ခြင်း မသဲကွဲခဲ့တာကိုလည်း ကိုယ့်ကိုယ်ကိုယ် နားလည်သည်။ ဒါပေမဲ့ ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့်‌တော့ Lucyနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်။

ရတနာဆိုင်လုပ်ငန်းကို လုပ်ကိုင်ရင်း စီးပွားရေးအကြပ်အတည်းဖြစ်‌နေရရှာတဲ့ အဒေါ်ကို ငွေကြေးအဆင်ပြေစေဖို့ Lucyက ကူညီပေးခဲ့တယ်။ လသားအရွယ် Xingကို မထိန်းတတ်တဲ့ Taoကို ဘေးကနေ ကူညီပြီး ထိန်းပေးခဲ့တယ်။ Xingကို သွေးသားအရင်းလို ချစ်တယ်။ Krisနဲ့ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို သိပြီးတာတောင် Taoကို အပြစ်မဆိုဘဲ အရင်ကထက် ပိုချစ်ပေးတယ်။

Lucyက သိပ်ကိုကောင်းလွန်းတဲ့ မိန်းကလေးတစ်ယောက်မို့လို့ ပိုပြီးအားနာမိတယ်။ ဒါ့အပြင် ဆေးရုံဆေးခန်းကို တစ်လမပြတ်သွားနေရတဲ့ Lucyကိုလည်း သနားမိတယ်။ ဘုရားသခင်က စိတ်ထားကောင်းလွန်းတဲ့ Lucyအတွက် နှလုံးရောဂါကို သေရာပါထည့်ပေးခဲ့လိုက်ပုံပဲ။

Tao သက်ပြင်းရှည်တစ်ချက်ချရင်း အိပ်ရာပေါ် လှဲလိုက်မိသည်။ ဝင်္ကပါတစ်ခုလို ရှုပ်ထွေးနေသော စိတ်တွေကို ဘယ်ပုံဘယ်နည်းနှင့် ရှင်းထုတ်ရမည်မသိ။ ထိုရှုပ်ထွေးမှုများကြားမှ ထိုးထွက်ကာ မျက်နှာကျက်အဖြူတွင် စိတ်ကူးဖြင့် ပုံဖော်ထားခဲ့သော Krisရဲ့ပုံရိပ်တစ်ချို့က ပေါ်လာသည်။ Krisသည် လွန်ခဲ့သောသုံးနှစ်ကလို အပြုံးချိုချိုများချိတ်ဆွဲထားသည်။

သူ Krisကို ချစ်နေပါသေးတယ်။

~~~

ရက်သတ္တပတ်တစ်ခုသည် ခပ်မြန်မြန်ပင် ကုန်ဆုံးသွားခဲ့သည်။ မနက်ဖြန်ကျောင်းပိတ်ရက်မို့ ကျောင်းသားအားလုံးက တက်ကြွသော ခြေလှမ်းများဖြင့် ကျောင်းဝင်းထဲမှ ပြေးထွက်သွားကြသည်။

Married to a PrinceTempat cerita menjadi hidup. Temukan sekarang